သင်ချစ်သူရည်စားမရသေးတာဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကို မေးခွန်ထုတ်ဖူးပါသလား။ ရည်းစားမရသေးတဲ့သူတွေအများစုမှာ အခုပြောပြမယ့် အကြောင်းပြချက်လေးတွေ ရှိတက်ပါတယ်။ မှန်လားမမှန်ဘူးလားဆိုတာ တိုက်စစ်ကြည့်လိုက်ပါအုန်း။

သင်က ချစ်သူထားဖို့အတွက် အသင့်ဖြစ်နေပြီပဲထားတော့။ ဒါပေမယ့် အလုပ်ကြောင့် ချိန်းထားတာတွေ ခဏခဏ ဖြတ်နေရတာ အလုပ်အရမ်း ရှုပ်နေတာတွေကြောင့် အချိန်မပေးနိုင်ဘူး။ အားလပ်ရက်ကျပြန်တော့လည်း သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ်။ ဒီလိုမှ မဟုတ်ရင်လည်း မိသားစု အရေးကြောင့် အချစ်ရေးဖက် မလှည့်နိုင်ဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အချစ်အတွက် သင့်ဘဝမှာ နေရာမရှိသေးဘူးလို့ ဆိုရမှာပါ။ ပြဿနာက သင်ဟာအလုပ်များတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါပဲ။

Relationship တစ်ခု ပြတ်စဲသွားပြီး နောက်တစ်ယောက် ရှာနေတဲ့သူဆိုရင်တော့ အရင်အဆက်ဟောင်းကို လုံးဝ မေ့သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ နောက်တစ်ယောက်နဲ့ တွေ့တဲ့အချိန်တိုင်းမှာ ex အကြောင်းပဲ အမြဲတမ်း ခေါင်းထဲ ရောက်လာရင်တော့ အဆင်မပြေပါဘူး။ စိတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Sigmund Freud ဟာ ပြီးသွားတဲ့ relationship ကိုမေ့ပစ်လိုက်ဖို့ အလွန်အရေးကြီးကြောင်း ပြောဆိုထားပါတယ်။ ပြဿနာက သင်ဟာ အဆက်ဟောင်းကို နှလုံးသားထဲက မနှင်ထုတ်နိုင်သေးတာပါ။

ပင်းပန်းတာ၊ ရာသီဥတု မကောင်းတာ တွေက အိမ်မှာနေဖို့ အကြောင်းပြချက် ကောင်းတွေပါပဲ။ ပြီးတော့ အိမ်မှာက စာအုပ်ဖက်တာ (သို့) ရုပ်ရှင်အေးဆေးကြည့်နေလိုရတာဆိုတော့ လူတွေအကြိုက်ပဲလေ။ လူအများက အိမ်မှာနေတာကို သဘောကျကြတယ်။ တစ်ချို့တွေက အလုပ်လုပ်ရတဲ့ရက်ကော အလုပ်ပိတ်တဲ့ ရက်တွေမှာပါ အိမ်မှာပဲနေကြတယ်။ ဒီလိုလူတွေက ချစ်သူရှာတွေ့ဖို့ ခတ်ခဲပါတယ်။ တွေ့ခဲ့ရင်တောင် အကြာကြီး မခံပါဘူး။ ပြဿနာက အိမ်မှာပဲ အချိန်ဖြုန်းနေခြင်းပါ။

ဆန့်ကျင်ဖက် လိင်ကို ဆွဲဆောင်နိုင်ဖို့ဆိုတာ မိမိကိုယ်ကို ပြင်ဆင်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဘယ်လိုပဲ လူတွေက အပြင်ပန်းထက် အတွင်းစိတ်က အရေးကြီးတယ် ပြောပြော ပထမဆုံး တွေ့တဲ့အချိန်မှာတော့ အပြင်ပန်းကို ပဲကြည့်ကြတာများပါတယ်။ ဒါကြောင့် အပြင်တွေ ဘာတွေသွားမယ်ဆိုရင် ညဝတ်အင်္ကျီ တကားကားနဲ့ မသွားပါနဲ့။ သေချာ ဖြီးလိမ်းပြင်ဆင်ပြီးမှ သွားပါ။ပြဿနာက မိမိကိုယ်ကို ဂရုမစိုက်ခြင်းပါပဲ။

လာပါပြီ ချစ်သူ မရှိသေးတဲ့ အကြောင်းအရင်းရဲ့ အရေးကြီးဆုံးအချက်။ ကိုယ်က ကြိုက်ပေမယ့် မိဘတွေက မကြိုက်လို့ဆိုပြီး လက်ရှောင်သွားတတ်တဲ့ သူမျိုး။ ဟာ ငါ့မိဘတွေက ဒီလိုမိန်းကလေးမျိုး (သို့) ကောင်လေးမျိုး မကြိုက်လောက်ပါဘူးဆိုပြီး နေတတ်တဲ့သူမျိုး။ ဒီလိုလူမျိုးတွေက ချစ်သူရှားပါတယ်။ မိဘတွေက သူတို့သားသမီးရွေးခြယ်ထားတဲ့ အရာတွေတော်တော်များများကို သဘောမတွေ့ကြဘူးလို့ ပညာရှင်တွေက ပြောထားကြတယ်။ ဒါက ပုံမှန်ပါပဲ။

ပြဿနာက သင်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘာမှမလုပ်ရဲဘူး။ မိဘတွေရဲ့ အကြိုက်၊ သူတို့ရဲ့ ထင်မြင်ချက်က ပိုအရေးကြီးတယ်လို့ ခံယူထားတာပါပဲ။