အမျိုးသမီးတွေအများအားဖြင့် ချိုင်းသားမည်းတာကို စိတ်အနှောင့်အယှက်ဖြစ်ကြပါတယ်။ ချိုင်းသားကိုလည်းဖြူဝင်းချင်သလို လက်တတောင်ဆစ်နဲ့ ဒူးခေါင်းသားကိုလည်း ဖြူဝင်းချင်ကြပါတယ်။ အရင်ဆုံး ချိုင်းသားဘာလို့ မဲရသလဲဆိုတာ မျှဝေပေးပါမယ်။

၁။ ချိုင်းမွှေးရိတ်ခြင်းနဲ့ Waxing ပြုလုပ်ခြင်း

ချိုင်းမွှေးရိတ်တာကိုရှောင်ကျဉ်သင့်ပါတယ်။ Waxing ပြုလုပ်တာကလည်း ချိုင်းသားကိုပျက်စီးစေပါတယ်။

၂။ ဆေးတွေကြောင့်

တစ်ချို့ဆေးတွေဟာ ချိုင်းသားကို ညိုမည်းပျက်စီးစေပါတယ်။

၃။ ချိုင်းအတွက်သုံးတဲ့ စပရေးဘူး နဲ့ Roll On တွေကြောင့်

သင့်ချိုင်းမှာ သင်အမြဲလိမ်းနေတဲ့ အလှကုန်ပစ္စည်းတွေကြောင့် ချိုင်းသားကို ပျက်စီးစေပါတယ်။

၄။ ရာသီဥတု နဲ့ ဆီးချိုကြောင့်

အပေါ်က အကြောင်းအရာတင်မကပါဘူး။ ဆီးချိုရောဂါရှိတာကလည်း ချိုင်းသားကို ပျက်စီးစေပါတယ်။ ရာသီဥတုအခြေအနေကြောင့်လည်း အသားအရေ ခြောက်သွေ့ပျက်စီးစေပါတယ်။

နောက်ထပ်ချိုင်းသားပျက်စီးစေတဲ့ အကြောင်းရင်တွေကတော့ ချွေးအလွန်အကျွံထွက်ခြင်း၊ အရမ်းကျပ်တဲ့ အင်္ကျီဝတ်ခြင်းတို့ပဲဖြစ်ပါတယ်။

ဘယ်လိုသက်သာအောင်ပြုလုပ်မလဲ

သံပုယိုသီးနဲ့ သကြား (သံပုရာသီးကိုလည်းသုံးနိုင်ပါတယ်။)

သံပုယိုရည် နဲ့ သကြားကို ဆတူရောပြီး ချိုင်းအောက်နားမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လာက်ထိ လိမ်းထားပေးပါ။ ပြီးမှ လက်ကိုရေစွတ်ပြီး သေချာပွတ်ပေးပါ။ ပြီးရင်ရေသေချာဆေးလိုက်ပြီး တစ်ပတ်ကို ၁ ကြိမ်လုပ်ပါ။

သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီး (သို့) သံပုရာသီးကို ပါးပါးလှီးပြီး အုန်းဆီတင်လိုက်ကာ ရေမချိုးခင် ချိုင်းသားမှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေချိုးပါ။

ပျားရည်၊ သခွားသီး၊ သံပုယိုသီးနဲ့ နနွင်း

သခွားသီးကို ကြိတ်ပြီး အရည်ညှစ်ထုတ်ပါ။ ပြီးရင် သံပုယိုသီးကိုလည်း အရည်ညှစ်ထုတ်လိုက်ပါ။ ပြီးရင် ခွက်တစ်လုံးထဲမှာ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သခွားသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး ချိုင်းအောက်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ပုံမှန်လုပ်ပေးပါ။ ၆ လလောက်လုပ်ပေးပါ။

နနွင်းနဲ့ သံပုယိုရည်

နနွင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို သေချာရောလိုက်ပါ။ အာလူးအစိမ်းကို ပါးပါးလှီးပြီး စောစောက ရောထားတဲ့ နနွင်းနဲ့ သံပုယိုရည်အရောကို အာလူးပေါ်တင်လိုက်ကာ ချိုင်းအောက်မှာလိမ်းပေးကာ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးပါ။