ဆံပင်အဖျားနှစ်ခွဖြစ်တာဟာ သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ ဆံပင်အရှည်နှေးစေပြီး သင့်ရဲ့ ဆွဲဆောင်မှုကိုလည်း လျော့ကျစေပါတယ်။

ဆံပင်အဖျားနှစ်ခွဖြစ်တာသက်သာဖို့ဆိုရင် အရေးကြီးဆုံးကတော့ ဆံပင်ကို ၂ လတစ်ကြိမ် (သို့) ၃ လတစ်ကြိမ် ပုံမှန်တိပေးဖို့လိုပါတယ်။ ဒါ့အပြင် အခု ဆံပင်နှစ်ခွဖြစ်တဲ့သူတွေအတွက် ပေါင်းတင်နည်းကို မျှဝေပေးချင်ပါတယ်။

၁။ အုန်းဆီနဲ့ ပေါင်းတင်ပါ

အုန်းဆီမှာ Fatty Acid ၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်လို့ ဆံကေသာနဲ့ ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆံပင်ပေါင်တဲ့ Follicles လေးတွေကိုသန်မာစေပြီး ဆံပင်နှစ်ခွဖြစ်တာ ဆံသားကျိုကြေတာမျိုးကို ကာကွယ်ပေးပါတယ်။

ဘယ်လိုလုပ်မလဲ

အရင်ဆုံး ခေါင်းအရင်လျှော်လိုက်ပါ။ ပြီးရင် အုန်းဆီကို အပူပေးပြီး လက်ဖဝါးထဲလောင်းထည့်ပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ အဲဒီနောက် နာရီဝက်လောက်ထားပြီး ခေါင်းထပ်လျှော်ချပေးရမှာပါ။ ပေါင်းဆေးသုံးရပါမယ်နော်။ အုန်းဆီကို သေချာပြောင်အောင်လျှော်ပေးရပါမယ်။

တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၂။ သံလွင်ဆီနဲ့ ပျားရည်

သံလွင်ဆီနဲ့ ပျားရည်နှစ်မျိုးလုံးမှာ သဘာဝအတိုင်း ဆံကေသာကို အားဖြည့်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ ဆံပင်ကို နူးညံ့စိုပြေနေစေပါတယ်။ ဆံပင်ကိုလည်း အုံထူစေပါတယ်။

ခွက်အသေးတစ်လုံးထဲမှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း နဲ့ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းရောပြီး ထည့်လိုက်ပါ။ ပြီးရင် ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပေးလိုက်ပြီး စောစောကရောထားတဲ့ ပျားရည်နဲ့ သံလွင်ဆီကို လိမ်းပေးပါ။ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ပြီးရင် ဦးရေပြားမှာလိမ်းပေးပြီး ခဏလောက်နှိပ်ပေးပါ။ နာရီဝက်လောက်ထားပြီးရင် ခေါင်းပြန်လျှော်ချပါ။ ပေါင်းဆေးသုံးရပါမယ်နော်။ တစ်ပတ်ကို ၂ ကြိမ်ပုံမှန်လုပ်ပေးပါ။