အားလုံးပဲ မင်္ဂလာပါ။ ဆိုရှယ်မီဒီယာတွေပေါ်မှာ စုံတွဲပုံလေးတွေ တင်လိုက် RS Goal ဆိုပြီး အမျိုးမျိုး ရိုကြ ကြင်နာပြတာ မြင်တော့ အနည်းနဲ့ အများတော့ ချစ်သူရည်းစားရှိတာကို အားကျကြတယ် ဟုတ်? အားလည်းကျပေမယ့် ကိုယ်က အချစ်ကို အယုံအကြည်မရှိတဲ့သူဖြစ်နေလေတော့ ဘယ်လောက်ပဲချစ် ချစ် အချိန်တန် ပြတ်မှာပဲဆိုတဲ့ စိတ်ကြီးဝင်နေမှတော့ အခုအချိန်မှာ အတွဲမရှိဘဲ အေးအေးဆေးဆေးတစ်ကိုယ်တည်းသမားအဖြစ် ရပ်တည်နေတာကလည်း မထူးဆန်းတော့ပါဘူးလေ။

ချစ်သူအတွဲမရှိပေမယ့်လည်း ဘဝကြီးက ဘယ်လောက်ပျော်စရာကောင်းသလဲ၊ Single is the Bestဆိုတဲ့အတိုင်း တစ်ကိုယ်တည်းSingleဘဝရဲ့ အားသာချက်တွေက ဘာတွေလဲဆိုတာကို RSရှိတဲ့သူတွေ အားကျအောင် ဝေမျှပေးလိုက်ပါတယ်နော်။

စိတ်ကူးပေါက်တဲ့အချိန် ထပြီး ခရီးထွက်လို့ရတယ်နော်

အတွဲရှိတဲ့သူဆိုရင် မိဘက သွားဆိုတဲ့ ခွင့်ပြုချက်ရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူဆီက ခွင့်ပြုချက်မရရင် ချစ်သူငြိုငြင်မှာကြောက်တော့ ဘယ်မှမသွားရတော့ဘူးပေါ့။

Crush ပေါင်းသောင်းခြောက်ထောင်ကို စိတ်ကြိုက်သဘောကျခွင့်ရှိတယ်

အတွဲရှိတဲ့သူဆိုရင် တခြားသူကို သဘောကျဖို့ မပြောနဲ့ မျက်လုံးချင်းစေ့စေ့ကြည့်ခွင့်တောင် ရှိရှာတာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူအပေါ် သစ္စာစောင့်သိရတာလည်း အလုပ်တစ်လုပ်ဖြစ်နေတာကိုး။

အိပ်ရေးပျက်ခံစရာလည်း မလိုဘူး

သမီးရည်းစားတွေမှာဆို ရန်ဖြစ်တဲ့နေ့ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ဆိုး စိတ်ကောက်သွားတဲ့အခါ သူ့ကို ချော့နေရတာနဲ့ အိပ်ရေးပျက်တဲ့ညတွေ ရှိပါတယ်လို့ တချို့အတွဲတွေက ဝန်ခံထားပါတယ်။

သူငယ်ချင်းတွေနဲ့လည်း အဆက်သွယ်မပြတ် ရှိနေနိုင်ခြင်း

သူငယ်ချင်းတွေနဲ့ ကြိုက်တဲ့အချိန်၊ အားတဲ့အချိန်တိုင်း ပျော်ပျော်ပါးပါးနဲ့ လည်ပတ်သွားလာနိုင်တာကလည်း Single တွေရဲ့ အားသာချက်ပါပဲ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ခြင်း

ကိုယ်လိုချင်တဲ့အရာတွေမှန်သမျှကိုလည်း ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားချင်စိတ်၊ အားကိုးချင်စိတ်အပြည့်အဝ ရရှိနိုင်ပါတယ်။

အားလပ်ချိန်တွေကို စိတ်ကြိုက်အသုံးချလို့ ရသေးတယ်နော်

ကိုယ့်ရဲ့ အားလပ်ချိန်မှာ သူများအတွက် အချိန်ပေးစရာမလိုဘဲ ရုပ်ရှင်ကြည့်ချင်သလား၊ ဂိမ်းဆော့ချင်သလား၊ ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ်နော်။

အကုန်အကျသက်သာတယ်

ချစ်သူစုံတွဲတွေဆို တစ်လပြည့်အမှတ်တရတို့ ရက် ၁၀၀ ပြည့် အမှတ်တရတို့ Surprise လုပ်ပေးရတာနဲ့တင် ရေသည်ယောကျာ်း၊ ရေသည်မိန်းမဘဝရောက်သွားတတ်ကြပါတယ်။ Single တွေကတော့ ပိုက်ဆံများများစုနိုင်တဲ့အပြင် ကိုယ်လိုချင်တဲ့အဝတ်အစား၊ မိတ်ကပ်ပစ္စည်းစတာတွေ အများကြီးဝယ်လို့ရသေးတယ်နော်။

စနိုက်ကြော် ခြံခုန်မှာလည်း စိတ်ပူစရာမလိုဘူး

ကိုယ့်ရည်စားကို တခြားသူက စနိုက်ကြော်သွားမှာ၊ ကြာလာခိုမှာ၊ ဒါမှမဟုတ် ကိုယ့်ရည်းစားက ခြံခုန်သွားမှာကို စိုးရိမ် ပူပန်စရာမလိုတာကတော့ Single တွေမှာပဲ့ ရရှိနိုင်တဲ့ အားသာချက်တစ်ခုပါပဲ့နော်။