ဒီတစ်ခါမှာတော့ အိမ်ထောင်ရှင်တွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ စေတနာကိုရှေ့ထားပြီး ကိုးကားဖော်ပြထားတာမို့ စာဖတ်သူတို့ချစ်လှစွာသော အမျိုးသားတွေအပေါ် သံသယရှိစေဖို့ မရည်ရွယ်ပါဘူး။ ကိုယ့်ရဲ့အသိတရား ကိုယ့်အမျိုးသား (သို့) ချစ်ဇနီးပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ ချင့်ချိန်ပြီး သုံးသပ်စေချင်ပါတယ်။

၁။ အမူအရာပျက်လာမယ်

ဆိုလိုတာက အချိုးတွေပြောင်းလာတာပေါ့။ အရင်က ကိုယ်နဲ့အတူ ရုပ်ရှင်ကြည့်တာ သူတစ်ယောက်တည်း ဂိမ်းကစားတွေ ရှိပေမဲ့ သူဖောက်ပြန်လာတဲ့အခါမှာ တခြားအခန်းတစ်ခုထဲအောင်းပြီး တံခါးပိတ်ကာ တစ်ယောက်တည်းနေမယ်။ ညစာစားပွဲတွေတက်မယ်။ ရေချိုးခန်းထဲမှာ အကြားကြီးရေစိမ်ချိုးမယ်။ သင်ဖုန်းဆက်ရင် တော်ရုံတန်ရုံမကိုင်တော့ဘူး။

၂။ သူ့ကိုယ်သူအရင်ကထက် ပိုပြင်ဆင်လာတယ်

အရင်ကထက် သူ့ကိုယ်သူ ပိုပြီးပဲများလာတယ်။ ပြင်ဆင်လာတယ်။ ဒါဆိုရင် သူတခုခုမဟုတ်တာလုပ်ထားလို့ပါပဲ။

၃။ သင့်ရဲ့အလို ပိုလိုက်လာတယ်

အရင်က သာမန်လိုပဲဆိုပေမဲ့ သူမဟုတ်တာတစ်ခုခုလုပ်ထားတဲ့အခါ လူမမိအောင်လို့ သင့်အကြိုက်တွေကို အရင်ကထက် ပိုပြီးဖြည့်ဆည်းပေးလာတယ်။ သင့်ကိုဂရုစိုက်လာတယ်။ ဖောက်ပြန်တဲ့အမျိုးသား ၆၆ % မှာ အဲလိုလက္ခာဏာတွေတွေ့ရတယ်လို့ သုတေသနပြုချက်တစ်ခုကဆိုပါတယ်။

၄။ သင်နဲ့ခပ်ခွာခွာနေတယ်

အရင်လို ရင်းရင်းနှီးနှီးမရှိတော့ဘဲ သင်နဲ့ခပ်စိမ်းစိမ်းလေး နေတတ်လာပါတယ်။ သင်ကိုဂရုသိပ်မစိုက်တော့တာ မျိုးလုပ်တတ်လာပါတယ်။ အရင်က ကိုယ့်ကို ဦးစားပေးခဲ့တယ် ကိုယ်ပြောတာကိုနားထောင်ပေးခဲ့ပေမဲ့ အခုအခါမှာတော့ အဲလိုလုပ်တော့မှာမဟုတ်ဘဲ စကားတောင်ခပ်ဟဟပြောတော့မှမဟုတ်ပါဘူး။ ဒီလိုနဲ့ သင့်ကိုစိတ်ပျက်သွားအောင် အနားကထွက်ခွာသွားအောင်လုပ်မှာပါ။

၅။ သင့်အပေါ်ကြင်နာမှုမရှိတော့ဘူး

စိတ်ခံစားချက်အရသာမက အပြုအမူအရပါ သင့်အပေါ်မှာ ဂရုစိုက်ကြင်နာမှုမရှိတော့ပါဘူး။ အိမ်ထောင်ရေးသာယာမှုကိုတောင် အတူတူမျှဝေဖို့ တက်ကြွမနေတော့ပါဘူး။

၆။ သင့်ကိုဖောက်ပြန်နေတယ်လို့ စွပ်စွဲမယ်

ဒါက အံ့သြစရာကောင်းပါတယ်။ သူဖြစ်နေတဲ့အရာကို ကိုယ့်ကိုစွပ်စွဲတာမျိုးပါ။ ဖောက်ပြန်နေတဲ့အမျိုးသားတွဟာ အမျိုးသမီးတွေကို ဒီလိုစွ့်စွဲတတ်ပါတယ်။

၇။ သင့်ကိုလိမ်တယ်

ဖောက်ပြန်တဲ့အမျိုးသားတွေက သူဖုန်းပြောတာဘယ်သူ Email ပို့နေတာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သင့်ကိုအမှန်တိုင်းမပြောဘဲ ဖုံးကွယ်လာတတ်ပါတယ်။ ဒါမှမဟုတ်လိမ်ပြီးပြောတတ်သလို၊ တခါတလေမှာလည်း သင့်ကိုလိမ်ပီးအပြင်တွေသွားတတ်ပါတယ်။

၈။ နာမည်မှားခေါ်တယ်

နောက်ထပ်လက္ခဏာတစ်ခုကတော့ တခြားသူတစ်ယောက်ရဲ့နာမည်ကို သင့်ကိုခေါ်ပါလိမ့်မယ်။ သူသတိမထားမိဘဲခေါ်မိတာမျိုးဖြစ်ပြီး မလုံမလဲနဲ့ ပြန်ပြီး လျှော်သွားတတ်ပါတယ်။

၈။ ဖောက်ပြန်တဲ့သူတွေကို မကြာခဏဆိုသလို ရှုတ်ချတတ်တယ်။

ဖောက်ပြန်တတ်တဲ့အမျိုးသားတွေဟာ ဖောက်ပြန်တဲ့သတင်းတွေကို ပြောပြီးမကြာခဏဆိုသလို ရှုတ်ချတတ်ပါတယ်။

၉။ လျှို့ဝှက်လာတယ်

ဖောက်ပြန်နေတဲ့အမျိုးသားတွေဟာ အရင်က သူ့ရဲ့ မက်စေ့တွေ ဖေ့ဘုတ်တွေကို သင့်ကိုပြလေ့ရှိပေမဲ့ လျှို့ဝှက်လာတတ်ပါတယ်။

၁၀။ တခြားအိမ်ထောင်ရေးဖောက်ပြန်ဖူးတဲ့သူငယ်ချင်းတွေနဲ့အပေါင်းသင်းလုပ်တယ်

ဖောက်ပြန်တဲ့အမျိုးသား ၈၀ % ဟာ အဲလိုလုပ်ကြတယ်လို့ သုတေသနပြုချက်တစ်ခုမှာဖော်ပြထားပါတယ်။

၁၁။ သင့်ကိုအမြဲလိုအခက်တွေ့စေတယ်

ဖောက်ပြန်နေတဲ့အမျိုးသားဟာ သူ့ရဲ့ဖောက်ပြန်မှုကို ဖုံးကွယ်ထားဖို့အတွက် သင့်ကိုဖိအားတွေပေးပြီး အခက်တွေ့စေပါတယ်။ အမျိုးသမီးတွေမှာ ဆဌမအာရုံရှိလို့ တခြားသူရဲ့စိတ်ကိုဖတ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသားတွေက သူတို့လိမ်လည်တာတွေကို ဖုံးကွယ်နိုင်ဖို့ သူ့ရဲ့ အစွမ်းအစတွေနဲ့ ဖိအားပေးလာနိုင်ပါတယ်။ ဆိုလိုတာက အမျိုးသမီးတွေဟာ အိမ်ထောင်ရှင်မဖြစ်တယ်ဆိုပါစို့။ အိမ်ထောင်ဦးစီးက ငွေရှာရတယ်။ သားသမီးတွေရှိတယ်။ စသဖြင့် အဖက်ဖက်ကငဲ့ကွက်စရာတွေ သည်းခံစရာတွေကြောင့် သင့်ကိုအခက်တွေ့စေပါတယ်။