ခေါင်းလျှော်ဖို့ အချိန်မရလို့ ဆံပင်အဆီပြန်ကြီးနဲ့အပြင်ထွက်ရတော့မှာလား ။ အဆီပြန်တဲ့ဆံပင် အဆီပြန်တတ်တဲ့ဦးရေပြားကို ပိုင်ဆိုင်ထားတဲ့သူတွေတိုင်းက တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ လျော့နည်းတတ်ကြပါတယ်။ အဆီပြန်နေတဲ့ဆံပင်က ဘယ်လိုမှလည်းကြည့်ရတာအဆင်မပြေသလို ကိုယ်ကိုယ်တိုင်လည်းနေရတာအဆင်မပြေပါဘူးနော်။

အဆီပြန်တတ်တဲ့ဆံပင်ကြောင့် ကိုယ့်ရဲ့နှဖူးမှာလည်း ဝက်ခြံခဏခဏပေါက်တတ်တာကိုလည်း အဆီပြန်တတ်တဲ့ဆံသားပိုင်ရှင်တိုင်း ကြုံဖူးကြမယ်ထင်ပါတယ်။ တစ်ခါတစ်လေမှာ ဆံပင်အဆီပြန်ခြင်းက ကိုယ့်အသုံးပြုတဲ့ခေါင်းလျှော်ရည်နဲ့လည်း မတည့်တာမျိုးဖြစ်နိုင်သလို ကိုယ်စားနေတဲ့အစားအသောက်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်ကိုယ်က တစ်ခါတစ်လေမှ ဆံပင်အဆီပြန်တတ်တဲ့သူမျိုးလား ။ကိုယ်ရဲ့ဆံပင်ကိုလက်နဲ့ မကြာခဏထိခြင်း၊ ပွတ်သပ်နေတတ်ခြင်းကလည်း ဆံပင်ဦးရေအဆီပြန်မှုကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်က အရေးကြီးတဲ့တစ်နေရာသွားဖို့ရှိတယ်ဆိုရင် ဆံပင်ကအဆီပြန်နေတာမျိုးတွေက မိန်းကလေးတိုင်းခဏခဏဖြစ်လေ့ဖြစ်ထရှိပါတယ်။ ခေါင်းအမြန်လျော်ဖို့ကျပြန်တော့လည်း အချိန်မရှိတော့တာမျိုးကလည်း ကြုံနေရစမြဲပါ။ ဒီလိုဆိုရင် ဒီပြဿနာတွေအတွက် ဖြေရှင်းနည်းရှိပါတယ်။ လွယ်ကူပြီးတော့ တကယ်လည်း ထိရောက်တဲ့အတွက် လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

ကော်ဖီမှုန့်


ကော်ဖီမှုန့်ကတော ကော်ဖီသောက်နေကျအိမ်ဆိုရင်တော့ အမြဲရှိမယ်လို့ထင်ပါတယ်။ ကော်ဖီမှုန့်က ဦးရေပြားကအဆီဓာတ်ကိုလည်းထိန်းပေးနိုင်သလို ဆံပင်ကထွက်လေ့ရှိတဲ့အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ကော်ဖီမှုန့်ကို လက်ထဲအရင်ထည့်ပြီး အဆီပြန်တဲ့နေရာလေးတွေပေါ်မှာလက်လေးနဲ့ပွတ်ပေးပါ။ ပြီးရင်တော့ ခေါင်းဖီးအစိမ့်လေးတွေနဲ့ပြန်ပြီးဖီးချပေးလိုက်လို့ရပါတယ်။ အချိန်ကိုတော့ ၂ မိနစ်လောက်ပဲကြာသင့်ပါတယ်နော်။

ပေါင်ဒါမှုန့် 


ပေါင်ဒါမှုန့်ကတော့ ဝယ်ရတာလည်းလွယ်ကူပြီး သုံးရတာလည်း အရမ်းကိုလွယ်ကူလှပါတယ်။ ပေါင်ဒါမှုန့်အဖြူကိုအသုံးပြုပေးတာပိုပြီး ကောင်းမွန်စေပါတယ်။ အဆီပြန်နေတဲ့ နေရာလေးတွေကလောင်းချလိုက်ပြီး ပြန်ခါချလိုက်ရင်တော့ ဆံသားလေးတွေက ခြောက်ခြောက်လေးနဲ့ဖြစ်နေပါစေလိမ့်မယ်။ တစ်ရက်လောက်ထိတွေ အကျိုးမရှိပေမယ့် အနည်းဆုံး ၉ နာရီလောက်တော့ ခြောက်ခြောက်လေးဖြစ်နေပါလိမ့်မယ်။

Dry Shampoo 


ခေတ်မီပြီး စတိုင်ကျချင်တဲ့သူတွေအတွက်တော့ အသုံးဝင်ဆုံးနည်းလမ်းလေးဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ ဆံသားပိုင်ရှင်ဆိုရင်တော့ Dry Shampoo တစ်ဘူးကတော့ ရှိကိုရှိသင့်တဲ့ အလှကုန်တွေထဲမှာပါဝင်ပါတယ်နော်။ အလွယ်တကူလည်း သုံးလို့ရသလို Spray လိုမျိုးဖြစ်နေလို့ ပေါ့ပေါ့ပါးပါးလည်းဖြစ်စေပါတယ်။
Photo Source – Free-pin