သဘာဝတရားကြီးကို အရောင်အသွေးစုံတဲ့အလှမျိုးစုံနဲ့ဖွဲ့စည်းထားတာပါ။ အပင်နဲ့သတ္တဝါတွေမှာရှိကြတဲ့ သဘာဝကပေးတဲ့ အရောင်မျိုးစုံတွေဟာ ကမ္ဘာမြေကြီးနဲ့ပနံသင့်တဲ့အလှတရားကိုယ်စီရှိကြတဲ့အပြင် သူတို့ကို အလွယ်တကူခွဲခြားနိုင်ဖို့ မတူညီတဲ့ပင်ကိုလက္ခဏာတွေလည်းပိုင်ဆိုင်ထားကြပါသေးတယ်။ ဥပမာအနေနဲ့ ပြောရရင် မြင်းကျားတွေကိုထူးခြားစေတာက သူတို့ရဲ့ကျောပေါ်ကအစင်းကျားတွေကြောင့်ဖြစ်ပြီး ဒေါင်းတွေကိုထူးခြားစေတာကတော့ သူတို့ရဲ့ကျော့ရှင်းတဲ့အမွှေးအတောင်တွေကြောင့်ပါပဲ။ ဒါဆိုရင် စာဖတ်သူတို့အနေနဲ့ တကယ်လို့ဒီသတ္တဝါတွေရဲ့ထူခြားတဲ့သွင်ပြင်တွေမရှိတော့တဲ့အခါ ဘယ်လိုပုံစံ ဖြစ်သွားမလဲဆိုတာမျိုးကိုတွေးကြည့်ဖူးပါသလား။ အခုတစ်ခေါက်မှာတော့ အမွှေးထူပြီးထူးခြား အသွင်အပြင်ရှိကြတဲ့သတ္တဝါတွေမှာ သူတို့ရဲ့လူသိများတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမရှိခဲ့ရင် ဘယ်လိုပုံစံမြင်ရမလဲဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။ အကောင်လေးတွေရဲ့အကြောင်းကို စိတ်ဝင်စားရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။

၁။ Panda

ပန်ဒါလေးတွေရဲ့မျက်လုံးဘေးကအကွက်လေးတွေသာမရှိရင်တော့ ဒီလိုပုံစံလေးဖြစ်နေမှာပါ။

၂။ Tiger

ကျားမှာ အစင်းကျားတွေသာမပါရင်တော့ ချစ်စရာကောင်းတဲ့ ကြောင်မျိုးနွယ်ဝင်တစ်ခုလိုမြင်ရမှာပါ။

၃။ Raccoon

ချစ်စရာကောင်းတဲ့ရက်ကွန်းဝက်ဝံတွေရဲ့ အနက်ရောင်မျက်နှာဖုံးတွေနဲ့တူတဲ့ အရေပြားအရောင်တွေ မရှိတော့ရင်တော့ ဒီလိုပုံစံလေးပါတဲ့။

၄။ Zebra

အစင်းလေးတွေမရှိတဲ့မြင်းကျားကတော့ မြင်းဖြူလေးတစ်ကောင်လိုပါပဲ။

၅။ Giraffe

ဒါကတော့ လည်ပင်းရှည်ရှည်နဲ့ကိုယ်ပေါ်ကအညိုရောင်အကွက်တွေမရှိတဲ့ သစ်ကုလားအုတ်ရဲ့ပုံစံလေးပါ။

၆။ Fox

မြေခွေးတွေမှာ သူတို့ရဲ့ထူးခြားတဲ့လိမ္မော်ရောင်အမွှေးအမျှင်တွေမရှိရင်တော့ ဝံပုလွေတစ်ကောင်နဲ့ တူနေနိုင်ပါတယ်။

၇။ The Fennec or Desert Fox

မြေခွေးမျိုးစိတ်တွေထဲအသေးငယ်ဆုံးဖြစ်တဲ့အပူပိုင်းဒေသမှာနေကြတဲ့ Fennec မြေခွေးတွေဟာ ရှိရင်းစွဲနားရွက်ထောင်ထောင်လေးတွေတင်မကဘဲ နားရွက်အတိုလေးတွေနဲ့ပါ ချစ်စရာအသွင်အပြင်ရှိကြတဲ့ အကောင်ငယ်လေးတွေဖြစ်ပါတယ်။

၈။ Peacock

ဒေါင်းတွေဟာ ကွဲပြားတဲ့ အမွှေးအတောင်အရောင်တွေနဲ့လည်းလိုက်ဖက်နိုင်ပါတယ်။

၉။ Penguin

ဒါကတော့ ပင်ကွင်းတွေသာအရောင်တစ်မျိုးထဲပါရင်မြင်ရမယ့်ပုံစံလေးပါ။

၁၀။ Flamingo

ပန်းရောင်သန်းတဲ့အရောင်အဆင်းမရှိတဲ့ ခြေတံရှည်ကြိုးကြာတွေကတော့ နဂိုပုံစံနဲ့အရမ်းကွာခြားသွားတာကို တွေ့ရမှာပါ။

၁၁။ Deer

ဒီလိုချိုမပါတဲ့သမင်ပုံစံလေးကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Bambi ကာတွန်းကားကိုပြန်အမှတ်ရစေပါတယ်။

၁၂။ Koala

သြစတြေးလျမျိုးစိတ်တွေဖြစ်တဲ့ကိုအာလာဝက်ဝံလေးတွေကတော့ ကြီးပြီးမဲနက်တဲ့နှာခေါင်းနဲ့အတူ အမွှေးပွထူထူတွေရှိတဲ့ဖက်ချင်စဖွယ်သတ္တဝါလေးတွေဖြစ်ပါတယ်။ ဒီမှာတော့ ကြီးမားတဲ့နှာတံအစား နှာခေါင်းလုံးလုံးလေးတွေနဲ့ဆိုရင်လည်း ချစ်စရာကောင်းနေဆဲဖြစ်တာကိုတွေ့ရမှာပါ။

၁၃။ Rabbit

ယုန်တွေမှာ နားရွက်ထောင်ထောင်လေးတွေသာမပါခဲ့ရင် ပူးကောင်လေးတွေနဲ့ဆင်နေပါလိမ့်မယ်။

၁၄။ Ladybug

ပိုးတောင်မာတစ်မျိုးဖြစ်တဲ့ Ladybug မှာအနီရောင်တွေသာမပါဝင်ရင်တော့ အဆိပ်ရှိတဲ့ပိုးကောင်တစ်ကောင်လိုမြင်ရနိုင်ပါတယ်။

၁၅။ Crab

ဂဏန်းမှာ သူတို့ရဲ့ထင်ရှားတဲ့လက်မကြီးတွေမပါတဲ့အခါ တစ်မျိုးထူးဆန်းသွားတာကိုတွေ့ရပါတယ်။

၁၆။ Butterfly

လိပ်ပြာလေးတွေလို့ကြားတာနဲ့အရင်ဆုံးသတိထားမိတာကတော့သူတို့ရဲ့အရောင်စုံတဲ့အတောင်တွေပါပဲ။ ဒါကတော့လိပ်ပြာတွေမှာသာအရောင်တွေမပါတဲ့အတောင်ရှိခဲ့ရင်မြင်ရမယ့်ပုံစံဖြစ်ပါတယ်။

၁၇။ Clown Fish

Clown Fish လို့ခေါ်တဲ့ နီမိုငါးတွေမှာ သူတို့ရဲ့ ဖဲကြိုးတွေနဲ့တူတဲ့အဖြူရောင်အစင်းလေးတွေမရှိရင်တော့ ရွှေငါးတစ်ကောင်နဲ့တူနေပါလိမ့်မယ်။

၁၈။ Dalmatian

ငယ်ငယ်ကကြည့်ခဲ့ရတဲ့ 101 Dalmatians ရုပ်ရှင်မှာလည်းပါဝင်ပြီး သစ္စာရှိတဲ့ခွေးမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတဲ့ Damatian ခွေးလေးတွေရဲ့ထူးခြားတဲ့ချစ်စရာအမဲစက်လေးတွေမပါတဲ့ပုံစံဖြစ်ပါတယ်။

၁၉။ Dolphin

လင်းပိုင်လေးတွေဟာလူတွေနဲ့ခင်မင်တတ်တဲ့သတ္တဝါလေးတွေပါ။ ဒီပုံလေးမှာတော့သူတို့ရဲ့ထင်ရှားတဲ့ ကျောရိုးပေါ်ကရေယက်တွေသာမရှိရင်မြင်တွေ့ရမယ့်ပုံစံကိုပြထားပါတယ်။

Source: Brightside.me

By MyStyle Myanmar