ပုံမှန်ဆိုရင် အနုပညာရှင်တွေကို ပြင်ဆင်မွမ်းမံခြယ်သပေးဖို့အတွက် ကျွမ်းကျင်တဲ့မိတ်ကပ်ပညာရှင်တွေ၊ အလှပြင်ဆရာတွေ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့်လည်း အမြဲတမ်းငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိနေတာပါ။ သို့သော်လည်းပဲ တစ်ချို့အနုပညာရှင်တွေကတော့ သူတို့ရဲ့နေ့စဥ်ဘဝတွေမှာလည်း အလှပြင်ဆိုင်တွေကနည်းတွေလို ထိရောက်တဲ့ ဖြတ်လမ်းနည်းလေးတွေကိုလည်း အသုံးပြုနေပါသေးတယ်။

အနုပညာရှင်တွေ ပြန်လည်မျှဝေထားတဲ့ နည်းလမ်းတွေကို လိုက်လံအသုံးပြုကြည့်ပြီး ဘယ်လိုမျိုးရလဒ်ကောင်းတွေဖြစ်ပေါ်စေသလဲဆိုတာကို မျှဝေပေးပါမယ်။

Kate Hudson

Kate Hudson uses ice baths to make her skin more elastic.

မင်းသမီးချော Kate Hudson ကတော့ ရေခဲရေနဲ့ရေစိမ်ချိုးခြင်းက မိနစ်ပိုင်းအတွင်းမှာပဲ သူမရဲ့အသားအရေကို တင်းရင်းလှပစေတယ်လို့ ပြောပြထားပါတယ်။ အရမ်းပင်ပန်းနေတယ်လို့ ခံစားရရင် သို့မဟုတ် အိပ်ရေးမဝဘူးလို့ ခံစားရတယ်ဆိုရင် ရေခဲရေတစ်ပန်းကန်ထဲကို မျက်နှာနှစ်လိုက်ပြီး နေနိုင်သလောက်နေလိုက်တယ်လို့လည်း ဆိုပါတယ်။

Kim Kardashian

ခန္ဒာကိုယ်ကောက်ကြောင်းအရမ်းမိုက်တဲ့ နာမည်ကြီး Kim Kardashian ကတော့ အမြန်ဆုံးဝိတ်ကျစေဖို့နဲ့ ဖောရောင်ခြင်း၊ ခန္ဒာကိုယ်အတွင်းက အရည်ပိုတွေကို ရှင်းထုတ်ပစ်ဖို့အတွက် ရက်ပေါင်းများစွာကြာမြင့်အောင် အမာစာတစ်ခုမှမစားတော့ဘဲ အရည်ကိုသာသောက်ပါတယ်။ ဒီနည်းလမ်းက ပွဲတစ်ခုမတိုင်ခင် အမြန်ဆုံးကိုယ်အလေးချိန်လျော့ကျနိုင်အောင် ကူညီပေးတယ်လို့ Kim Kardashian က ဆိုပါတယ်။

Sophia Loren

Daily Mail ကဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုမှာဆိုရင် Sophia Loren က သူမရဲ့ မျက်ကွင်းညိုတွေကို ပျောက်သွားအောင်လို့ ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို အသုံးမပြုဘဲ ပူစီနံအရွက်တွေကိုသာ အသုံးပြုကြောင်းပြောပြခဲ့ပါတယ်။ ပူစီနံအရွက်တွေကို အနှစ်ဖြစ်အောင်ကြိတ်ခြေပြီး မျက်လုံးအောက်မှာတင်ပေးခြင်းက အရမ်းထိရောက်တယ်လို့ ဆိုပါတယ်။

Blake Lively

Gossip Girl ရုပ်ရှင် Series တွေမှာ လူသိများတဲ့ အမေရိကန်မင်းသမီးချော Blake Lively ကတော့ သူမရဲ့အမေဆီက သင်ယူထားတဲ့နည်းလမ်းကောင်းကို ပြန်လည်မျှဝေထားတာပါ။ ခေါင်းမလျှော်ခင် ဆံပင်အောက်ခြေမှာ ဆီ သို့မဟုတ် မရောနိစ်ကို သုတ်လိမ်းထားတတ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်အောက်ခြေနားတွေက ကျိုးကြေခြင်း၊ ခြောက်သွေ့ခြင်းတွေ မဖြစ်တော့ပါဘူး။

Beyoncé

တစ်ခါတုန်းက မိတ်ကပ်ပညာရှင်တွေဟာ ဘီယွန်းစေးကို နည်းလမ်းကောင်းတစ်ခုသင်ပေးခဲ့ပါတယ်။ မျက်တောင်တွေကို အစိုဓာတ်ဖြည့်တင်းဖို့အတွက် Lip Balm အသုံးပြုတဲ့နည်းလမ်းဖြစ်ပြီး အခုချိန်ထိလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။

Lady Gaga

Porter မဂ္ဂဇင်းရဲ့အင်တာဗျူးတစ်ခုမှာ လေဒီဂါဂါက သူမရဲ့အရေးကြောင်းတွေကို ပြေပြစ်အောင်၊ မျက်နှာနဲ့ လည်ပင်းကို ပုံကျလှပစေဖို့အတွက် တိပ်ကိုအသုံးပြုတတ်ပါတယ်တဲ့။

Kim Kardashian

လေ့ကျင့်ခန်းစမလုပ်ခင် ခန္ဓာကိုယ်ကို အဆီသုတ်လိမ်းပေးခြင်းဖြင့် အသားအရေကို တင်းတင်းရင်းရင်းနဲ့ ချောမွေ့စေတယ်လို့ Kim Kardashian က အကြံပေးထားပါတယ်။

Source: BrightSide