Red Velvet အဖွဲ့ဝင် Wendy က အနုပညာ သက်တမ်းကြာလာလေ ပိုအောင်မြင်လာလေလို့ ဆိုရမယ့် Idol တစ်ဦးဖြစ်ပါတယ်။ သူမက Debut မတိုင်ခင်က ကိုယ်အလေးချိန်က Idol တွေအတွက် ဝိတ် စံသတ်မှတ်ချက်ထက် ကျော်နေခဲ့ပေမယ့် Debut တဲ့အချိန်မှာတော့ Korean Beauty Standard တွေကို ပြည့်မှီခဲ့ကာ ပျိုမေတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ခန္ဓာကိုယ် အချိုးအစားက အချိန်ကြာလာလေ ပိုမိုက်လာလေ ဖြစ်တာကို ပရိတ်သတ်တိုင်း သိမှာပါ။

သူမရဲ့ Body Type လိုပဲ နောက်ထပ် လှပတဲ့ အရာတွေ သူမဆီမှာ အများအပြား ရှိပါသေးတယ်။ ဥပမာ- သူမရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာ၊ သူမရဲ့ သာယာနာပျော်ဖွယ် အသံချိုချိုလေးနဲ့အတူ သူမရဲ့ ဆံပင်စတိုင်အမျိုးမျိုးတို့ပါ။ သူမရဲ့ ဆံပင်စတိုင်တွေထဲကမှ ကောင်မလေးတွေ လိုက်ညှပ်တဲ့ ဆံပင်စတိုင်ကတော့ အတိုပါ။ သူမ ပါဝင်ထားတဲ့ Girls on Top (GOT The Beat) အဖွဲ့သီချင်းဖြစ်တဲ့ “Stamp on It” ထဲမှာဆိုရင် သူမက ဆံပင်စတိုင်အသစ်နဲ့ အတောက်ပဆုံးလို ဖြစ်နေတာကို MV ကြည့်ဖူးသူတွေ သိမှာပါ။

သူမက ဆံပင်စတိုင်အပြင် အဝတ်အစားဝတ်တဲ့အချိန်လည်း ပေါ့ပေါ့ပါးပါး ဝတ်လေ့ရှိပါတယ်။ အဝတ်အစားနဲ့အတူ အိတ်ပုံစံတွေကို အမျိုးမျိုး လူငယ်ဆန်ဆန် ပြောင်းလွယ်တတ်ပါသေးတယ်။ Wendy ရဲ့ ချစ်ဖို့ကောင်းတဲ့ လူငယ်စတိုင်နဲ့ သူမလွယ်တဲ့ အိတ်တွေက လိုက်ဖက်တာကို စာဖတ်သူတို့ မြင်ရမှာပါ။

သူမရဲ့ အိတ်စတိုင်က ပေါ့ပေါ့ပါးပါး ရှိလွန်းလှတာကြောင့် လူငယ်မိန်းကလေးတွေအတွက် အသုံးဝင်မှာပါ။ ဒီတော့ Wendy ရဲ့ အိတ်စတိုင် လှလှလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။

Wendy ရဲ့ ဘယ်အိတ်လေးကို သင်အကြိုက်ဆုံးလဲ၊ သင်သာ ဆိုရင် ဘယ်အိတ်ကို လွယ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar