တနှစ်လောက် ရေမချိုးစကားမပြောပဲနဲ့နေရင် ဘာဖြစ်မလဲ။ ကမ္ဘာကြီး လည်နေတာ ရပ်သွားရင်ကော ဘာဖြစ်လာမလဲ။ တချို့သောလူတွေကို ဒီလိုကြောင်စီစီမေးခွန်းတွေ မေးလေ့ ရှိတတ်ကြတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဒီလိုမေခွန်းလေးတွေကို ဖြေပေးသွားမှာပါ။
(၁) လူတစ်ယောက်ဟာ တစ်နှစ်လောက်စကားမပြောပဲ နေလိုက်ရင် ဘာဖြစ်သွားမလဲ
လူတစ်ယောက်အတွက် တနှစ်လောက် စကားတခွန်းမပြောပဲ နေဖို့ဆိုတာ အင်မတန်ခတ်ခဲပါတယ်။ တကယ်လို့ ဒီလိုမျိုး တစ်နှစ်လောက် စကားမပြောပဲနေရင် သူတို့ရဲ့ စကားပြေစွမ်းရည်တွေကျသွားမှာလား။ အဖြေကတော့ နိုးပါ။ စကားမပြောပဲ နေလို့ သူတို့ရဲ့မျက်နှာ အင်္ဂါရပ်တွေ ပြောင်းလဲသွားတာမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ထမင်းစားတဲ့အချိန် သွားတိုက်တဲ့အချိန်တွေမှာ စကားပြောသလို့ပဲ ပါးစပ်က လှုပ်ရှားနေရဆဲမလို့ပါပဲ။
ကျွမ်းကျင်သူတွေကတော့ စကားမပြောပဲ အကြာကြီးနေလာခဲ့ရင် အသံပိုင်းဆိုင်ရာပြသာနာ အနည်းငယ်ရှိနိုင်ပေမယ့် အချိန်အနည်းငယ်အတွင်းမှာပဲ နဂိုအနေအထား ပြန်ရောက်နိုင်တယ်လို့ ပြောထားကြပါတယ်။
(၂) တစ်နှစ်လောက် ရေမချိုးပဲနေရင် ဘာဖြစ်မလဲ
လူတစ်ယောက်ဟာ ရေမချိုးပဲ တစ်နှစ်လောက်နေလည်း သေမသွားနိုင်ပါဘူး။ ဒါပေမယ့် အနီးအနားမှာရှိတဲ့ သူတွေကတော့ ကြိုက်ကြမှာ မဟုတ်တာတော့အမှန်ပါပဲ။ ခန္ဓာကိုယ်ပေါ်မှာ ဘတ်တီးရီးယားတွေ အနံဆိုးတွေ အဖုအပိန့်တွေနဲ့ ပြည့်နှံ့နေပါလိမ့်မယ်။ ပြီးတော့ ကူးစက်ရောဂါရဖို့ကလည်း တခြားသူတွေထက် ရာခိုင်နှုန်းပိုများပါလိမ့်မယ်။ တကယ်လို့ ရေပြန်ချိုးခဲ့ရင်လည်း အရင် အသားအရေပြန်ရဖို့ လပေါင်းများစွာ စောင့်ရပါလိမ့်မယ်။
(၃) ကမ္ဘာကြီး လည်တာ ရပ်သွားရင် ဘာဖြစ်မလဲ
ကမ္ဘာကြီးက တစ်နာရီကို ၁၆၀၀ ကီလိုမီတာနဲ့ လည်နေတာပါ။ ဒါပေမယ့် လူတွေက ဒါကို သတိမထားမိကြပါဘူး။ ဒါဆိုရင် ကမ္ဘာကြီးက လည်နေရာကနေ ရပ်သွားရင် ဘာတွေဖြစ်လာနိုင်လဲ။ အဖြေကတော့ လူတွေအသက်ရှင်ဖို့အတွက် အင်မတန် ခတ်ခဲသွားပါလိမ့်မယ်။
ဆူနာမီရေလှိုင်းကြီးတွေက တောင်တွေထက် ပိုမြင့်လာပါလိမ့်မယ်။ မီးတောင်တွေ ပေါက်ကွဲ ကုန်ကြပါလိမ့်မယ်။ လေတိုက်တာ ပိုကြမ်းလာပါလိမ့်မယ်။ လူသားတွေရဲ့ အဆုံးသတ်လို့ ပြောလို့ရတဲ့အထိ ပတ်ဝန်းကျင်အခြေအနေဆိုးရွားလာပါလိမ့်မယ်။ ကမ္ဘာရဲ့တခြမ်းဟာ ၆ လလောက်မှောင်အတိ ကြသွားပါလိမ့်မယ်။ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့ မရအောင်ကို ဖြစ်သွားနိုင်ပါတယ်။
(၄) လူတိုင်း နှစ် ၁၀၀ သက်တမ်းအထိ နေနိုင်မယ်ဆိုရင် ဘာဖြစ်မလဲ
ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုတွေ ပေါများလာပါလိမ့်မယ်။ ပြီးတော့ လူမှုရေးနယ်ပယ်တွေမှာ ပြောင်းလဲမှုတွေ အများကြီး ရှိလာမယ်။ ဥပမာ တက္ကသိုလ်တွေ ကောလိပ်တွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၈၀ လူကြီးတွေအထိ လက်ခံ သင်ကြားရပါမယ်။
လူကြီးတွေကို ပစ်မှတ်ထား ကြော်ငြာတာတွေ များလာမယ်။ ပြီးတော့ ရာဇဝတ်မှုတွေလည်း အရင်ကထက် လျှော့နည်းလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သက်ကြီးရွယ်အိုတွေက ရာဇဝတ်မှု ကျူးလွန်တာ နည်းလို့ပါပဲ။ ပြီးတော့ လူမှုဆက်ဆံရေးဟာ အရင်ကထက်ပိုပြီး အရေးပါလာပါလိမ့်မယ်။
(၅) ဒိုင်နိုဆောတွေ မျိုးတုံးပျောက်ကွယ်မသွားခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၅ သန်းလောက်က ဥက္ကာခဲကြီးသာ ကမ္ဘာကြီးကို ဝင်မတိုက်ခဲ့ဘူးဆိုရင် ဒိုင်နိုဆောတွေ ဒီနေ့ထိ အသက်ရှင်နေနိုင်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် အခု ပရိသတ်တွေ ဒီဆောင်းပါးကို ဖတ်နေဖို့မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နို့တိုက်သတ္တဝါတွေဟာ တိုးတတ်ပြောင်းလဲမှု မရှိလို့ပါပဲ။
ဒိုင်နိုဆောတွေ မျိုးတုံးပျောက်ကွယ်သွားတော့ နို့တိုက်သတ္တဝါတွေဟာ အဆင့်ဆင့် ပြောင်းလဲပြီး ယနေ့ခေတ် ပုံစံတွေဖြစ်လာခဲ့ကြတာပါ။ နောက်ပိုင်းမှာ primates (ပရိုင်းမိတ်) တွေပေါ်လာခဲ့ပါတယ်။ နောက်နှစ်သန်းပေါင်းများစွာကြာတော့ လူတွေဆိုပြီး ပေါ်လာခဲ့တာပါ။
တကယ်လို့သာ ဒိုင်နိုဆောတွေ အသက်ရှင်ခဲ့မယ်ဆိုရင် နို့တိုက်သတ္တဝါတွေဟာ ကြီးမားတဲ့ တွားသွားသတ္တဝါတွေနဲ့ ယှဉ်တွဲနေထိုင်ဖို့ ခတ်ခဲပါလိမ့်မယ်။ ဒါကြောင့် လူတွေဖြစ်တည်လာဖို့ဆိုတာလည်း မသေချာတဲ့ အနေအထားတခုကို ရောက်သွားနိူင်ပါတယ်။
Source: Bright Side