သူငယ်ချင်းတွေ ခရီးသွားတဲ့အခါ ရလာတဲ့ ခံစားချက်က ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ အုပ်စုလိုက် သွားခွင့်ရတာနဲ့တင် တန်နေပါပြီ။ ဘာလို့လဲဆိုတော့ အတူတူ ခရီးသွားဖို့ အစီအစဉ်ချတိုင်း ချိန်းလိုက်၊ ပျက်လိုက် ဖြစ်နေတဲ့ သူငယ်ချင်း အဖွဲ့တွေ ဒုနဲ့ဒေးပါပဲ။ သင်က သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါ မဖြစ်မနေ လုပ်ချင်မယ့် အရာတစ်ခုကတော့ အမှတ်တရ ဓာတ်ပုံရိုက်တာပါ။

ဒီတစ်ခေါက်မှာတော့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့နေရာမှာ ပေါတောတော ဟာသပုံစံလေး ရိုက်ချင်တဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီး ပို့စ်ပေးနည်း အိုင်ဒီယာကောင်းတွေကို ဖော်ပြပါရစေ။

သူငယ်ချင်းတစ်ယောက်ရဲ့ တစ်ကိုယ်လုံးကို မ ထားကာ အထာကျကျ မျက်မှန်နဲ့ ပို့စ်ပေးမယ်။

ပို့စ်အဆန်းလေး ဖြစ်မယ့်အပြင် ချစ်ဖို့ကောင်းတဲ့ ပုံစံလေးရအောင် ပို့စ်ပေးနည်း

တစ်ယောက်ပေါ် တစ်ယောက်ထပ်ကာ တစ်ယောက်ခေါင်း တစ်ယောက်ခေါင်း ကိုင်ထားတဲ့ ပို့စ်က သူငယ်ချင်း အုပ်စုလိုက် လုပ်နိုင်ပါတယ်။

အထာကျကျ မျက်မှန်တပ်ပြီး အစဉ်လိုက် တန်းစီပြီး မေးထောက်ထားမယ်။

တစ်ယောက်က ကျန်တဲ့သူတွေကို သေနတ်ပစ်နေတဲ့ ပုံစံလုပ်မယ်။

ထူးထူးဆန်းဆန် ပို့စ်ဖန်တီးချင်သူတွေ Try ကြည့်သင့်တဲ့ ပို့စ်ပုံစံ

ကမ်းခြေမှာ အတူတူ သိုင်းကျင့်ကြမယ်။

သုံးယောက်ပြိုင် သိုင်းသမား ပို့စ်ပေးမယ်။

အင်္ကျီဆင်တူလေး ဝတ်ထားမယ်ဆိုရင် ဒီလို အစဉ်လိုက် လမ်းလျှောက်နေတဲ့ ပုံစံလုပ်နိုင်ပါတယ်။

တစ်ယောက်ရဲ့ ဆံပင်ကို ကျန်နှစ်ယောက်က ဆွဲပြီး နှုတ်ခမ်းမွှေးပုံစံလုပ်မယ်။ အလယ်က တစ်ယောက်က ခေါင်းလျှော်ထားဖို့တော့ လိုပါမယ်။

မျက်နှာမပေါ်ချင်တဲ့ သူငယ်ချင်း အဖွဲ့လိုက် လုပ်နိုင်မယ့် ပုံစံ

တစ်ယောက်ပေါင်ပေါ် တစ်ယောက်တင်ကာ ညီညီညာညာ စုပေါင်းလုပ်နိုင်မယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။

အကုန်လုံး အရောင်စိုစိုလေး ဝတ်ထားမယ်ဆိုရင်တော့ Editing ကောင်းကောင်းနဲ့ ဒီပုံစံလေး ဖန်တီးနိုင်ပါတယ်။

ပို့စ်တူတူပေးမယ့် သင့်သူငယ်ချင်းတွေကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar