ကျန်းမာရေးနဲ့ညီတဲ့ ယောဂလေ့ကျင့်ခန်းတွေလုပ်ပြီး ဝိတ်ချချင်သူတို့အတွက် အချိန်တိုအတွင်း ကျစ်လျစ်သွယ်လျလာစေမယ့် ယောဂ Pose တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရလည်းလွယ်သလို တစ်နေ့ ၁၅ မိနစ်လောက် အချိန်ပေးရုံပဲမို့ အမြန်ဆုံး ထိထိရောက်ရောက် ဝိတ်ကျချင်သူတိုင်း လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၁။ Chair Pose


• ခြေထောက်နှစ်ဖက်စိထားပြီး ဒူးကွေးကာ Squat ထိုင်သလို လုပ်ပေးပါ။
• ဒူးကွေးလိုက်တိုင်း ပုံထဲကလို လက်နှစ်ဖက်ကို အပေါ်မြှောက်ပေးရပါမယ်။
• ဒီပုံစံအတိုင်း ခန္ဓာကိုယ်ကိုထိန်းပြီး ထိုင်လိုက်ထလိုက်ပြုလုပ်ပေးပါ။

၂။ Forward Bending Pose


• မတ်တပ်ရပ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ငုံ့ချပေးပါ။
• ဒူးမကွေးစေဘဲ လက်ကိုကြမ်းပြင်နဲ့ တတ်နိုင်သလောက်ထိပြီး ပြန်ထပေးရမှာဖြစ်ပါတယ်။
• ဒီပုံအတိုင်း ငုံ့လိုက်ပြန်ထလိုက် ပြုလုပ်ပေးပါ။

၃။ Balancing Pose

Photo Source: Yoga International

• လက်မောင်းနဲ့ဗိုက်ကြွက်သားတွေ ကျစ်လျစ်စေတဲ့ ယောဂ Pose ဖြစ်ပါတယ်။
• ပုံထဲကအတိုင်း လက်နှစ်ဖက်ကို အားပြုပြီး ဒိုက်ထိုးတဲ့အနေအထား ထောက်ထားပေးပါ။
• တတ်နိုင်သလောက် ခန္ဓာကိုယ်မယိုင်အောင် ထိန်းထားပေးရပါမယ်။

၄။ Upward Facing Pose

Photo Source: Yoga Synergy

• ခြေထောက်ကို နောက်ပြန်ဆန့်ထားပြီး ကြမ်းပြင်နဲ့ထိထားပါ။
• လက်နှစ်ဖက်ထောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မ ပြီး ခေါင်းကိုပါ အပေါ်မော့ထားပေးပါ။
• စက္ကန့် ၃၀ အနည်းဆုံး ဆန့်ထုတ်ပေးရပါမယ်။

၅။ Downward Facing Pose

Photo Source: Femina.in

• ပုံပါအတိုင်း ခန္ဓာကိုယ်ကို V ဇောက်ထိုးပုံစံ ကွေးကာ လက်ထောက်ထားပါ။
• ဒူးမကွေးစေဘဲ တတ်နိုင်သလောက် ခေါင်းကိုကြမ်းပြင်နဲ့နီးတဲ့အထိ ငုံ့ပေးပါ။
• အကြောပြေပြီး ဝမ်းဗိုက်ကြွက်သားတွေ တင်းရင်းလာစေမှာပါ။

၆။ Side Plank Pose


• ခန္ဓာကိုယ်ဘေးစောင်းပြီး လက်တစ်ဖက်ထောက်ကာ မ တင်ပေးပါ။
• နောက်လက်တစ်ဖက်ကို လေပေါ်မြှောက်ထားပြီး ခြေထောက်တွေဆန့်ထုတ်ထားပေးရပါမယ်။
• ဒီပုံအတိုင်း ခန္ဓာကိုယ် ဟန်ချက်မပျက်အောင် ထိန်းထားပေးပါ။

၇။ Child Pose

Photo Source: divein.com

• ဒူးထောက်ထိုင်ချပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပေးပါ။
• ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ထိထားပေးရပါမယ်။
• ဒီလွယ်ကူတဲ့ ယောဂ Pose လေးကိုတော့ တစ်မိနစ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar