ဝိတ်ကျကာ ကိုယ်ဝတ်ချင်တာကို ကိုယ် ယုံယုံကြည်ကြည် ဝတ်နိုင်ဖို့က မိန်းကလေး အများစုရဲ့ အိပ်မက်တစ်ခုဖြစ်မှာပါ။ ဝိတ်ချတဲ့အခါ အစားအသောက်ကို မဖြစ်မနေ လျှော့ရမှာ ဖြစ်ပြီး ပျိုမေအချို့ကတော့ Diet လုပ်တတ်ကြပါတယ်။ တချို့ကျတော့ ပြင်ပဆေးအကူအညီ ယူတာ၊ Liposuction တွေ လုပ်ကြပြန်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ ပြင်ပဆေးအကူအညီ မပါဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းနဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ရေများများသောက်ပါ

ရေသောက်တာက အစာချေစနစ်အတွက် အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်ကျဖို့အတွက် ရေသောက်ဖို့ မမေ့သင့်ပါဘူး။

၂။ အသီးအရွက်များများစားပါ

သင်စားသမျှ အစားအသောက်တိုင်းမှာ အသီးအရွက် များများပါအောင် စားသင့်ပါတယ်။ သင်နှစ်သက်တဲ့ အသီးအရွက်တွေကို စာရင်းပြုစုပြီး များများ စားဖို့ လိုပါတယ်။

၃။ လမ်းလျှောက်ပါ

သင်က လမ်းလျှောက်ရတာကို သဘောကျရင် ဝိတ်ကျဖို့ တစ်နေ့မှာ ၁၅ မိနစ် ဝန်းကျင် လမ်းလျှောက်ပေးသင့်ပါတယ်။ ဒီလို လမ်းလျှောက်ပေးတာက ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ ထိ ကျနိုင်ပါတယ်။

၄။ ကြိုးခုန်ပါ

သင့်နေရာက ကျယ်တယ်ဆိုရင် ကြိုးခုန်ပေးသင့်ပါတယ်။ ကြိုးခုန်တာက ပျော်ဖို့ကောင်းပြီး အဆင်ပြေတဲ့ Cardio Workout ပါ။

၅။ လေ့ကျင့်ခန်းလုပ်တဲ့အခါ

တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်တာက ကြာလာရင် ပျင်းဖို့ကောင်းလာတတ်ပါတယ်။ ဒါပေမဲ့ အတူတူလုပ်မယ့် အဖော်ရှိတယ်ဆိုရင် အချင်းချင်း အားပေးနိုင်တာမို့ မိသားစုဝင်၊ ဒါမှမဟုတ် ချစ်သူနဲ့ အတူတူ လုပ်သင့်ပါတယ်။

၆။ ဖြည်းဖြည်းချင်း စတင်ပါ

သင်က အခုမှ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် ချက်ချင်းကြီး မိနစ် ၃၀၊ တစ်နာရီ မလုပ်သင့်ပါဘူး။ ၁၀ မိနစ်ကနေ စသင့်ပါတယ်။ ကျင့်သားရလာမှ ၁၅ မိနစ်၊ မိနစ် ၂၀- ၃၀ ကူးသင့်ပါတယ်။

၇။ ရှောင်ရမယ့် အစားအသောက်

သင်က ကျန်းမာတဲ့ နည်းနဲ့ ဝိတ်ကျချင်တယ်ဆိုရင်တော့ ရှောင်ရမယ့် အစားအသောက်တွေက အသင့်စား Fast Food တွေ၊ ဆိုဒါနဲ့ သရေစာပါ။

၈။ တစ်နေ့မှာ သုံးကြိမ်စားပါ

သင်က ပိန်ချင်လို့ ညစာ၊ မနက်စာ ရှောင်တာ လုပ်စရာမလိုပါဘူး။ သုံးနပ်လုံးကို ထက်ဝက်လျှော့ပြီး စားပေးသင့်ပါတယ်။

၉။ အိပ်ရာ စောစောဝင်ပါ

သင်က အိပ်တာ နောက်ကျရင် နောက်ကျသလို ဗိုက်ဆာလာနိုင်ပြီး မှောင်မှ စားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် အိပ်ရေးဝဝ အိပ်သင့်ပါတယ်။

၁၀။ ဗိုက်ဆာမှ စားပါ

သင်က စားတဲ့အချိန်ကို ဗိုက်ဆာမှ စားတာပဲ ဖြစ်သင့်ပါတယ်။ ပျင်းလို့၊ စိတ်ညစ်လို့ စားတာမျိုး မဖြစ်သင့်ပါဘူး။

၁၁။ ကယ်လိုရီနည်းအောင် နေပါ

သင်က ဝိတ်ကျချင်ရင် တစ်နေ့တာစားရမယ့် ကယ်လိုရီ ပမာဏထက် နည်းသင့်ပါတယ်။ ဒီလိုမှ ဝိတ်ကျမှာပါ။

Photo Source: Pinterest

By MyStyle Myanmar