လေ့လာမူတွေအရ Diet လုပ်တာနဲ့ နေ့စဉ်နေထိုင်မူပုံစံတွေက (၁၂) ပတ်အတွင်း (၆.၈) ပေါင်အထိ ဝိတ်ကျအောင် လုပ်ပေးနိူင်စွမ်းရှိပါတယ်။ အရေးကြီးဆုံးကတော့ ဆီးချိုနဲ့နှလုံးရောဂါကာကွယ်ဖို့ပါ။ ဒီလိုကာကွယ်ဖို့အတွက် နေ့စဉ်စားသောက်နေထိုင်မူပုံစံတွေ ပြောင်းလဲဖို့လိုအပ်ပါတယ်။

ဒီနေ့ MyStyle Myanmar က ဝိတ်ကျစေဖို့အတွက် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

နေ့စဉ်ရေလုံလောက်စွာသောက်ပေးပါ

မနတ်ခင်းအိပ်ယာထပြီး ထမင်းမစားခင် ရေသောက်ပေးတာက ဝိတ်ကျခြင်းကို အထောက်အကူဖြစ်စေပါတယ်။

တစ်နေ့ကို ရေ (၁၂-၁၃) သောက်ပေးခြင်းက ရေဓာတ်ခမ်းခြောက်ခြင်းကနေ ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အသောက်တွေကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ ရေသောက်ခြင်းက ဆာလောင်မူကို လျှော့နည်းစေပါတယ်။

ထောပက်သီးစားပေးပါ

ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီးနှင့်မုန်လာဥ တွေဟာ ပျော်ဝင်နိူင်သော အမျှင်ဓာတ်ပါတဲ့အစားအစာတွေပါ။ ဝိတ်ကျဖို့အတွက်တင်မကပဲ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဆီးချိုနှင့်နှလုံးရောဂါဖြစ်ပွားမူကို လျှော့ချပေးပါတယ်။

လေ့လာမူတွေအရ အမျှင်ဓာတ်ပါတဲ့ အစားအစာ (၁၀) ဂရမ်လောက်စားပေးတာက ခန္ဓာကိုယ်အဆီ (၃.၇) ရာခိုင်နှုန်းလောက် လျှော့ချပေးပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကို (၂၅-၃၈) ဂရမ်အထိ စားသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

ဗီတာမင် ဒီ လုံလောက်မူရှိပါစေ

နေရောင်က ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ဒီကြောင့်ပါ။ လေ့လာမူတွေအရ ဗီတာမင်ဒီ လုံလောက်စွာရရှိတဲ့လူတွေဟာ မရရှိတဲ့လူတွေထက် ဝိတ်ကျတာ ပိုလွယ်ကူကြောင်းဖော်ပြထားပါတယ်။

တကယ်လို့နေရောင် မရရှိတဲ့နေရာမှာနေနေတာဆိုရင်တော့ ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။

လက်ဖက်ရည်ကို နို့ထည့်မသောက်ပါနဲ့

တစ်ချို့လူတွေက လက်ဖက်ရည်သောက်ရတာကို နှစ်ခြိုက်ကြပါတယ်။ တစ်နေ့လက်ဖက်ရည် တစ်ခွက်လောက် သောက်လိုက်ရမှာ နေသာထိုင်သာရှိတယ်လို့ ခံစားရတဲ့သူတွေအနေနဲ့ လက်ဖက်ရည်ကို နို့ထည့်မသောက်ပါနဲ့။

လေ့လာမူတွေအရ လက်ဖက်ရည်မှာ အဆီတွေကို လျှော့ချပေးတဲ့ ဓာတ်ပေါင်းများစွာပါဝင်နေပါတယ်။ နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးက ဒီဓာတ်ပေါင်းတွေကို ကာကွယ်တားဆီးကြပါတယ်။ ဒါကြောင့် ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လက်ဖက်ရည်ထဲ နွားနို့ထည့်မသောက်ပါနဲ့။

Source: BrightSide