အားလုံးပဲမင်္ဂလာပါ။ သင့်ဘဝ နဂိုကထက် ပိုတိုးတက်လာဖို့၊ သင်လိုချင်တဲ့နေရာကို ရောက်ဖို့အတွက် သင့်ဘဝကို သင်ကိုယ်တိုင်စီမံရပါမယ်။ သင့်ဘဝပြောင်းလဲလာဖို့ တစ်နှစ်တာ၊ တစ်လတာ၊ တစ်ပတ်တာ ရည်ရွယ်ချက်တွေ ထားပေးသင့်ပါတယ်။ ဒီပန်းတိုင်တွေကတော့ သင့်တစ်ပတ်တာမှာ ထားသင့်တဲ့ အရာတွေဖြစ်ပါတယ်။

၁။ တစ်ပတ်မှာ သုံးကြိမ် အားကစားလုပ်ပေးပါ

ဝိတ်ကျဖို့ ဝိတ်တက်ဖို့ ဆိုတာထက် ကျန်းမာနေဖို့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ တက်တက်ကြွကြွ နေပေးမှ သင်နဂိုကထက် ပိုပျော်ရွှင်နိုင်မှာပါ။

၂။ တစ်ပတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တာကို ၆ ရက်စားပေးပါ

အပြင်စာ၊ ဆီများတဲ့အစားအစာအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို ၆ ရက် စားမယ်လို့ ဆုံးဖြတ်ထားသင့်ပါတယ်။

၃။ တစ်ပတ်မှာ စာအုပ်တစ်အုပ်ဖတ်ပါ

ကိုယ့်စာဖတ်နှေးတာမြန်တာ၊ စာအုပ်ပေါ် မူတည်ပြီး စာဖတ်တဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ အနည်းဆုံးတော့ တစ်ပတ်မှာ စာအုပ်တစ်အုပ်ဖတ်နိုင်ဖို့ ရည်ရွယ်ထားသင့်ပါတယ်။

၄။ တစ်ပတ်မှာ သင်တန်းတစ်ခုတက်ပါ

သင်က လက်ရှိအိမ်မှာပဲ ဆိုရင် ဒါက သင်တန်းတက်ဖို့ အခွင့်အရေးပါပဲ။ ပညာဒါန သင်တန်းတွေ၊ ဒါမှမဟုတ် အခကြေးငွေပေးရတဲ့ သင်တန်းတွေကို တစ်ပတ်မှာ တစ်ခုလောက် ရှာတက်သင့်ပါတယ်။

၅။ တစ်ပတ်အဆုံးသတ်မှာ အပြီးသတ်စရာ အလုပ်တစ်ခု သတ်မှတ်ပါ

သင့်မှာ လုပ်မယ်လို့ စဉ်းစားထားတာတွေအများကြီးရှိမှာပါ။ တစ်ပတ်ပြီးတာနဲ့ ဘာပြီးရမယ်ဆိုပြီး သတ်မှတ်ထားသင့်ပါတယ်။

၆။ တစ်ပတ်မှာ ငွေဘယ်လောက်ဆိုပြီး စုပါ

ငွေစုတတ်တဲ့ အကျင့်ကို မွေးမြူသင့်ပါတယ်။ သင်က တစ်ပတ်အတွင်း ငွေဘယ်လောက်စုမယ်ဆိုပြီး Target ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar