မင်္ဂလာပါ…. ပျိုမဒီတို့ရေ….မင်္ဂလာပွဲနေ့ဟာ မိန်းကလေးတွေအတွက်တော့ ဘဝရဲ့ ထိပ်တန်း အရေးပါလွန်းတဲ့ နေ့တစ်နေ့ပါပဲ။ ဒီလို Big Day မှာ အလှဆုံးဖြစ်နေဖို့ဆိုတာကတော့ သတို့သမီးတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ အားလုံးကြားမှာထင်းနေပြီး ဆွဲဆောင်မှုအပြည့်နဲ့ အလှဆုံးသတို့သမီးတစ်ယောက် ဖြစ်ဖို့အတွက် Makeup Look ကလည်း အရေးကြီးပါတယ်နော်။

ပွဲနေ့မှာ အလှဆုံးဖြစ်စေဖို့ မိတ်ကပ်ပညာရှင်နဲ့တိုင်ပင်ပြီး သူတို့ရဲ့စိတ်ကူးဉာဏ်လည်း ရယူနိုင်ပါတယ်။ ဒါကြောင့် သတို့သမီးတွေကို အလှဆုံးဖြစ်စေမယ့် Luxe Look‌ တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်လုံးတစ်ဝိုက်ကို အသားပေးထားတဲ့ အသွင်အပြင် Smokey Eye ပုံစံ၊ သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းများက မင်္ဂလာပွဲနေ့မိတ်ကပ်အတွက် အလှဆုံးဖြစ်နေမှာပါ။

ပေါ့ပေါ့ပါးပါးဆွဲထားတဲ့ Eye Liner လေးက သဘာဝမျက်လုံးပုံသဏ္ဍာန်နဲ့ အရောင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပျော့ပျောင်းပြီး ပေါ့ပါးတဲ့ အသွင်အပြင်ကို ရရှိဖို့အတွက် Mascara ကို တင်ဖို့လည်း မမေ့ပါနဲ့။

အသားအရည်က သဘာဝအတိုင်း ပြီးပြည့်စုံနေတာလောက် လှတာမရှိပါဘူး။ အကောင်းဆုံးမိတ်ကပ်ကို ဖန်တီးဖို့အတွက်အသားအရေဟာ လှပတဲ့ပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ​​အသားအရေကို တစ်ပတ်တစ်ကြိမ် ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့လိုအပ်ပြီး ရေများများသောက်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။

တောက်ပတဲ့ သတို့သမီးအသွင်ဖြစ်ဖို့ မျက်လုံး ပါးပြင်ကနေ နှုတ်ခမ်းအထိ အစိတ်အပိုင်းတိုင်းကို ပြောင်လက်တောက်ပတဲ့ ပါးပြင်၊ တောက်ပြောင်နေတဲ့ သဘာဝနှုတ်ခမ်းအရောင်တို့နဲ့ လှပစွာ ပေါင်းစပ်လိုက်ပါ။

ထူထဲသော မျက်တောင်၊ ကျွမ်းကျင်စွာ ရောစပ်ထားသော EyeShadow နဲ့ Matte Neutral နှုတ်ခမ်းအရောင်တို့က မျက်လုံးကို ဆွဲဆောင်မှုအပြည့်ရှိစေပြီး ချိုမြိန်တဲ့ အာနိသင်ကို ဖော်ဆောင်ပေးနေပါတယ်။