သင့်သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ပြုသွားတဲ့သူတွေ ရှိပြီလား။ သင်က သက်လတ်ပိုင်း တစ်ယောက်ဆိုရင် သင်က လွဲပြီး သင့်သူငယ်ချင်း တော်တော်များများ မင်္ဂလာဆောင်ပြီးလောက်ပါပြီ။ တစ်ခါတလေ မင်္ဂလာလက်ဖွဲ့ပေးရတာက ဘာပေးရမှန်း မသိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အခင်ဆုံး သူငယ်ချင်းတွေ မင်္ဂလာဆောင်ရင် ပိုဆိုးပါတယ်။ တချို့ကတော့ စာအိတ်နဲ့ ငွေထည့်တတ်ပါတယ်။ သင်က ဒီလိုမဟုတ်ဘဲ ထူးထူးခြားခြားလေး ပေးချင်တယ်ဆိုရင်တော့ ဒီလက်ဖွဲ့အိုင်ဒီယာတွေအတိုင်း ပေးနိုင်ပါတယ်။ သင်က မင်္ဂလာဆောင်မယ့် သူဆိုရင်လည်း လက်ဖွဲ့တွေ ကြိုဝယ်ထားနိုင်ဖို့ သူငယ်ချင်းတွေကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

၁။ ညအိပ်ဝတ်စုံ

သင်က အခင်ဆုံး သူငယ်ချင်းမိန်းကလေးကို လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ Sexy ကျကျ ညအိပ်ဝတ်စုံကို လက်ဖွဲ့ဝယ်ပေးနိုင်ပါတယ်။ နှစ်ယောက်လုံးကို ပေးချင်တာဆိုရင်တော့ ညအိပ်ဝတ်စုံနွေးနွေးထွေးထွေးနဲ့ အရည်အသွေးကောင်းတာထဲက ဝယ်ပေးနိုင်ပါတယ်။

၂။ ချက်ပြုတ်ပစ္စည်း

ဒါကတော့ အများစု ပေးလေ့ရှိတဲ့ လက်ဆောင်ပါ။ ပေါင်မုန့်မီးကင်စက်၊ ဖျော်စက်၊ စွယ်စုံသုံး ဒယ်အိုး၊ Microwave စသဖြင့် ပေးမယ်ဆို အမျိုးမျိုးပါပဲ။

၃။ ဆင်တူ ဝိုင်ခွက်

သူငယ်ချင်းရဲ့ Honeymoon မှာ ဝိုင်သောက်ရင်း ကြည်နူးနိုင်ဖို့ သင်က ပါရမီဖြည့်ပေးနိုင်ပါတယ်။ ဒါကတော့ ဝိုင်ခွက် လက်ဆောင်ပေးတာပါ။ သင့်သူငယ်ချင်းစုံတွဲ Honeymoon ကို ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းနိုင်မယ့် အခွင့်အရေးပါပဲ။

၄။ ဓာတ်ပုံဘောင်

သူငယ်ချင်းစုံတွဲရဲ့ မင်္ဂလာဓာတ်ပုံတွေ အမှတ်တရ ချိတ်ထားနိုင်ဖို့ ဓာတ်ပုံ Album စာအုပ်၊ ဓာတ်ဘုံဘောင် စသဖြင့် ပေးနိုင်ပါတယ်။

၅။ သူတို့ဓာတ်ပုံတွေနဲ့အတူ

သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ခေါင်းအုံးမှာ ပုံရိုက်ပေးတာ၊ ခွက်မှာ ပုံရိုက်ပေးတာစသဖြင့် သူငယ်ချင်းစုံတွဲကို ကိုယ်စားပြုတဲ့ လက်ဖွဲ့ပစ္စည်းပေးနိုင်ပါတယ်။ ဒီလက်ဆောင်က သူတို့အတွက် ကိုယ်တိုင် သေချာ စဉ်းစားထားတာဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။

၆။ သောက်စရာ

သင့်သူငယ်ချင်း စုံတွဲက သောက်တတ်တဲ့သူတွေ ဆိုရင် ဝိုင်လက်ဖွဲ့ပေးတာ၊ ယမကာ လက်ဆောင်ပေးတာ စသဖြင့် ပေးနိုင်ပါတယ်။ ဒီပစ္စည်းမျိုးက ခဏလေးနဲ့ ကုန်တယ်ဆိုပေမယ့် သူတို့ အတွက် တကယ်အသုံးတည့်မှာပါ။

၇။ Indoor Plant

သင့်သူငယ်ချင်းက ကိုယ့်တိုက်ခန်းလေးနဲ့ ကိုယ် နေတာဆိုရင် ဒီလက်ဖွဲ့က အံကိုက်ပါပဲ။ အခန်းတွင်း ထားနိုင်မယ့် Indoor Plant တွေကို လက်ဆောင်ပေးနိုင်ပါတယ်။ အပင်ပေးတာက ပေးတဲ့သူကို စိတ်ချမ်းသာစေသလို ရတဲ့သူလည်း စိတ်ချမ်းသာစေမှာပါ။

Photo source: Pinterest

By MyStyle Myanmar