တချို့ပိန်တဲ့သူတွေက ဘာဝတ်ဝတ် ပိန်နေတော့ ကိုယ့်ကိုယ်ကိုမလှဘူးလို့ ထင်နေကြတာတွေရှိပါတယ်။ တကယ်တော့ ပိန်ပိန်၊ ဝဝ ဖက်ရှင် ကျကျ ဝတ်စားဆင်ယင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့နေရင် လှနေပါပြီ။ ပိန်တဲ့သူတွေဆိုရင်လည်း သွယ်လှနေတော့ ဘောင်းဘီရှည်လေးတွေဝတ်လည်း လှပါတယ်။ ဒါကြောင့် ပိန်လို့စိတ်ညစ်နေတဲ့ ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေအတွက် စတိုင်လ်ကျပြီးမိုက်နေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပိန်တဲ့ကောင်မလေးတွေက အင်္ကျီဝတ်တဲ့အခါမှာ ကြိုးတစ်လုံးလေးတွေဝတ်မယ်ဆိုရင် ဘောင်းဘီအတိုတွေ၊ ဘောင်းဘီအရှည်အကျပ်တွေကို မဝတ်ဆင်သင့်ပါဘူး။ ကြိုးတစ်လုံးဝတ်ထားလို့ ပိန်တာသိသာနေတဲ့အချိန်မှာ ဘောင်းဘီပါအကျပ်ဝတ်လိုက်ရင်တော့ ပိန်နေတဲ့ပုံ အရမ်းပေါ်လွင် စေပါတယ်။ ဒါကြောင့် ကြိုးတစ်လုံးလေးတွေဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီအကားလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပါ။

ပိန်တဲ့ကောင်မလေးတွေက Skinny ဘောင်းဘီအကျပ်လေးတွေဝတ်ရင် ခြေတံသွယ်သွယ်လေးနဲ့ ဒါကြောင့် Skinny ဘောင်းဘီအကျပ်လေးတွေကို ဝတ်ပြီး ကိုယ်ကျပ်အင်္ကျီလေးတွေကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်မျိုးဝတ်ရင်တော့ ဒေါက်ဖိနပ်စီးတာထက် Sneakers လေးတွေစီးတာက ပိုလိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအကျပ်လေးတွေဝတ်မယ်ဆိုရင်လည်း အပေါ်ကနေ အင်္ကျီနည်းနည်းပွတာလေးတွေ၊ ရှပ်အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ အောက်ပိုင်းကိုကျပ်တာဝတ်ထားရင် အပေါ်ပိုင်းကို နည်းနည်းပွတာလေးဝတ်မှ ပိန်နေတာကို သိပ်မပေါ်လွင်စေမှာပါ။

ပိန်တဲ့သူတွေဟာ စကပ်အရှည်လေးတွေနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။ စကပ်အရှည်လေးတွေကိုဝတ်မယ်ဆိုရင်တော့ ကိုယ်ကျပ်အင်္ကျီလေးတွေ၊ ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာက ပိုပြီးဖက်ရှင်ကျကျနဲ့ လှနေစေပါတယ်။

ကိုယ်ပိန်တာကို မသိသာစေချင်ရင်တော့ ဘောင်းဘီရှည်အပွလေးတွေကို ဝတ်ဆင်ပါ။ ဒီလိုဖက်ရှင်လေးတွေက သင်ပိန်တာကိုလည်း မသိသာစေသလို ပိုပြီးတော့လည်း ချစ်စရာကောင်းသွားစေပါတယ်။

Jumpsuit အရှည်လေးတွေကလည်း ပိန်တဲ့သူတွေနဲ့ လိုက်ဖက်မှုရှိစေပါတယ်။ တကယ်လို့ သင်ရွေးချယ်လိုက်တဲ့ Jumpsuit က လက်ပြတ်ဖြစ်နေမယ်၊ ရင်ပြတ်လေးဖြစ်နေမယ်ဆိုရင်တော့ အပေါ်ထပ်အင်္ကျီလေးတွေသာ ထပ်ဝတ်လိုက်ပါ။ ဒါဆိုရင်တော့ ပိန်တာကိုလည်း သိပ်မသိသာစေပါဘူး။

အားကစားဘောင်းဘီလိုမျိုး ဘောင်းဘီအပွလေးတွေကလည်း ပိန်တဲ့သူတွေနဲ့လိုက်ဖက်ပါတယ်။ ဒီလိုဘောင်းဘီမျိုးတွေကျတော့ ဝတ်လိုက်ရင် ပိန်တာကို မသိသာစေလို့ အဆင်ပြေမယ်ထင်ပါတယ်။

ပိန်တဲ့သူတွေအနေနဲ့ ဘောင်းဘီတိုလေးတွေဝတ်မယ်ဆိုရင် အပေါ်ကနေတီရှပ်အပွလေးတွေ၊ Hoodie လေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာက ပိုလိုက်ဖက်ပါတယ်။ အပေါ်မှာပြောသွားသလိုပဲ အောက်ပိုင်းမှာကျပ်တာတွေ၊ တိုတာတွေဝတ်ထားရင် အပေါ်ပိုင်းကို နည်းနည်းပွတဲ့အင်္ကျီလေးတွေဝတ်ပေးမှ ပိန်တာကိုမသိသာစေမှာပါ။

Photo Source: www.shrln.a.instagram.com