ကိုယ်အလေးချိန်လျှော့ချချင်သူတွေကြားမှာ လူကြိုက်များတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အစာမစားခင် ရေသောက်ပါ။

အစာမစားခင် ၁၅ မိနစ်လောက်အလိုမှာ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။

၂။ သရေစာတွေမစားမိအောင် အစာစားပြီးရင် သွားတိုက်လိုက်ပါ။

မနက်စာစားပြီးရင်ပဲဖြစ်ဖြစ် နေ့လည်စာစားပြီးရင်ပဲဖြစ်ဖြစ် နောက်ထပ်သရေစာလေးတွေ တို့စိတို့စိမစားမိအောင် သွားတိုက်ထားပါ။ သွားတိုက်တာဟာ သင့်ရဲ့ သွားကိုကျန်းမာစေသလို သရေစာများများစားမိခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၃။ မတ်တပ်ရပ်ပြီး စားပါ။

မတ်တပ်ရပ်ပြီး အစာစားပေးတာဟာ သင့်ဝမ်းဗိုက်ထဲကို အစားအစာတွေ ချောချောချူချူရောက်စေပြီး ဗိုက်ပြည့်မြန်စေပါတယ်။ဒါ့ကြောင့် အစားများများစားမိခြင်းကို ကာကွယ်ပေးပါတယ်။ ကယ်လိုရီကိုလည်း ပိုလောင်ကွှမ်းစေပါတယ်။

၃။ ဘယ်လက်နဲ့ စားပါ။

ဘယ်သန်တဲ့သူတွေကတော့ ညာလက်နဲ့ စားပေါ့နော်။ ဒီလိုစားတာဟာ အစားများများစားမိခြင်းကို သက်သာစေပါတယ်။ ကြောင်တောင်တောင်နိုင်လှပေမယ့် အသုံးဝင်တဲ့နည်းလမ်းတစ်ခုပါပဲ။

၄။ အဝတ်စား ကောင်းကောင်းဝတ်ပြီးစားပါ။

ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အသုံးဝင်တဲ့ နည်းလမ်းလေးတွေ

အစားစားတဲ့အချိန်မှာ အဝတ်အစား နည်းနည်းကျပ်တာဝတ်ပြီးစားပေးရင် သင့်ကို မြန်မြန်ဗိုက်ပြည့်စေမှာပါ။ ဒါ့အပြင် အဝတ်အစားပေါ် အစားအသောက်တွေ ပေမှာစိုးလို့ အစားအစာကို ဖြည်းဖြည်း မှန်မှန်စားမိမှာဖြစ်ပါတယ်။

၅။ ဗိုက်ဆာရင်ချော့ကလက်အမည်း ၂ တုံးလောက်စားပါ။

ဗိုက်ဆာတဲ့အခါ ချော့ကလက် အမည်းအတုံးသေး ၂ တုံးလောက်စားပေးပါ။ ဗိုက်ကို ဝစေပြီး ဆာလောင်ခြင်းကို လျှော့ချပေးပါတယ်။

၆။ အစားအသောက်ကို ခွဲစားမယ်။

အစားအစာကို ခွဲပြီးစားပါ။ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို ပန်းကန်နှစ်ခုတည်း တစ်ဝက်ဆီထည့်လိုက်ပါ။ ၃ နာရီခြားပြီး တခါစားပေးမယ်ဆိုရင် တခြားသရစာတွေလည်း စားမိတော့မှာမဟုတ်ပါဘူး။

၇။ အစားတစ်လုပ်ကို အကြိမ် ၄၀ ဝါးမယ်။

အစားတစ်လုပ် ပါးစပ်ထဲထည့်လိုက်တိုင်း အကြိမ် ၄၀ ခန့်ဝါးပေးပါ။ များများဝါးပေလေ အစာကြေလေးဖြစ်ပြီး အစားများများစားမိခြင်းကို ကာကွယ်နိုင်ပါတယ်။

၈။ ပန်းကန်သေးသေးနဲ့စားမယ်။

ပန်းကန်သေးသေးထဲ အစားပြောင်းထည့်ပြီးစားမယ်ဆိုရင် အစာနည်းတယ်လို့မထင်ရဘဲ ပန်းကန်တစ်ခုလုံးပြည့်နေမှာမို့ သင့်ကို ဗိုက်မဝဖြစ်တာမျိုးကို ကာကွယ်နိုင်ပါတယ်။

Source: BrightSide