ကိုယ်ဝါသနာပါရာတွေ ရှာဖွေတာ၊ ကိုယ့်ကိုကိုယ် ပျော်အောင် ထားတာက လူတိုင်းလုပ်သင့်တဲ့ အနုပညာတစ်ရပ်ပါပဲ။ ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့အခါ အရင်ကထက် ပိုကြည့်ကောင်းလာတတ်ပါတယ်။ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်ဂရုစိုက်သလောက် ယောကျာ်းလေးတချို့ကတော့ ဖြစ်သလို နေတတ်ကြပါတယ်။

မိန်းကလေးတိုင်းလိုလို ယောကျာ်းလေးတွေဆီက လိုချင်တဲ့ အကျင့်ကောင်းတွေ၊အရည်အချင်းကောင်းတွေရှိပါတယ်။ ဒါတွေကတော့-

၁။ အဝတ်အစားကို သန့်သန့်ပြန့်ပြန့်ဝတ်တတ်တာ

ကြည့်ကောင်းတဲ့ဖက်ရှင်ကို မြင်ရဖို့ ပြင်ဆင်မှုအမျိုးမျိုးလိုပါတယ်။ ကိုယ့်ကိုကိုယ် ပြင်ပြင်ဆင်ဆင်နေပြီး ကြည့်ကောင်းအောင် ဝတ်တတ်တဲ့ အမျိုးသားတွေကို မိန်းကလေးအများစု နှစ်သက်လေ့ရှိပါတယ်။

၂။ Gym ဆော့တာ

အမျိုးသားတိုင်း Six Pack ထွက်စရာမလိုပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ အားကစားပုံမှန်လုပ်ပေးခြင်းက အရိုးအဆစ် သန်မာစေပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားခြင်းမှ လျှော့ချပေးပါတယ်။

၃။ ဆံပင်စတိုင်ကြည့်ကောင်းတာ

ကိုယ့်ဆံပင်ကို ကြည့်ကောင်းအောင် လုပ်ထားတဲ့ အမျိုးသားတစ်ယောက်က ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာပါတယ်။

၄။ Skin Care

Skin Care အတွက် ဆပ်ပြာနဲ့ရေအပြင် Moisturizer Cream တစ်မျိုးမျိုးကိုလည်း ပုံမှန်လိမ်းပေးသင့်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ကြိုးစားသူ

ယောကျာ်းလေးတစ်ယောက်က ပြင်ပ အမြင်အပြင် အတွင်း ဦးနှောက်အသိဉာဏ်ကိုပါ ပိုထက်မြက်လာအောင် ကြိုးစားသင့်ပါတယ်။ စာများများဖတ်သင့်ပြီး ကိုယ့်ဘဝတိုးတက်အောင် အမြဲကြိုးစားနေသင့်ပါတယ်။ မိန်းကလေးတွေက ဒီလိုကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ကို ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။

၆။ ပျော်ပျော်နေတတ်သူ

ဟာသပြောတတ်သူ၊ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် ကြိုးစားပြီး နေတတ်တဲ့ ယောကျာ်းလေးတွေကို မိန်းကလေးတွေက သဘောကျကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar