Jeans ဖက်ရှင်တွေဟာ အခုထိ အရေးပါဆဲ ဝတ်စရာ ဖက်ရှင်တွေအဖြစ် လက်ခံထားကြပါတယ်။ Casual ဖက်ရှင်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ လူငယ်တွေ ပွဲတက်အဖြစ်ပါ ဝတ်လာကြပါတယ်။ ဘာပဲဖြစ်ဖြစ် Jeans ဝတ်မယ်ဆိုရင် ဒီအမှားလေးတွေ မလုပ်မိဖို့ လိုပါတယ်။

(၁) ပွလွန်းတဲ့ Jeans ဘောင်းဘီ

Photo: ashleyweston

တစ်ခေတ်တစ်ခါကတော့ Baggy Jeans တွေဟာ လူငယ်တွေအကြား ရေပန်းစားခဲ့ဖူးပါတယ်။ တကယ်တော့ Baggy Jeans တွေဟာ သွယ်တဲ့သူတွေကို ပိုပြီး ပိန်သယောင် ထင်စေရပြီး ဝတဲ့သူကို ဖက်တီးပုတ်ကြီးလို ဖြစ်စေနိုင်ပါတယ်။

(၂) ကျပ်လွန်းတဲ့ Jeans ဘောင်းဘီ

Photo: ashleyweston

အဝတ်အစားဆိုတာ ဝတ်သူနဲ့ Fit ဖြစ်မှ လိုက်ဖက်ပြီး ကြည့်လို့ကောင်းတာပါ။ Skinny Jeans တွေဟာ ဝတ်ရတာ သက်တောင့်သက်သာ မရှိစေသလို ကျန်းမာရေးအရလည်း မသင့်တော်ပါဘူး။

(၃) အပြဲအစုတ် Jeans ဘောင်းဘီ

Photo: ashleyweston

ဒူးပြဲပေါင်ပြဲတွေဟာ အသက် ၂၀ ဝန်းကျင်လူငယ်တွေအတွက် Casual အနေနဲ့ ဝတ်သင့်ပါတယ်။ ဒါတောင် သိပ်ကြည့်ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ မတန်မဆ ဖြဲထားတဲ့ Ripped Jeans တွေကတော့ ကိုယ့်ရဲ့ စတိုင်ကိုပါ ဖျက်ဆီးနိုင်ပါတယ်။

(၄) ရှည်လျားလွန်းတဲ့ Jeans ဘောင်းဘီ

Photo: ashleyweston

ဖနောင့်ကို ကျော်အောင် ရှည်တဲ့ ဘောင်းဘီမျိုး မဝတ်ဖြစ်အောင် ရှောင်သင့်ပါတယ်။ တကယ်လို့ ကိုယ့်ဘောင်းဘီက ရှည်လွန်းနေရင်လည်း အနေတော်ဖြစ်အောင် ဆိုင်ကိုသွားပြီး ပြန်ပြင်သင့်ပါတယ်။

(၅) တင်ပါးချောင်နေတဲ့ Jeans ဘောင်းဘီ

Photo: ashleyweston

ဘောင်းဘီပဲ ဝယ်ဝယ် ၊ အင်္ကျီပဲ ဝယ်ဝယ် Right Size နဲ့ Right Fit ဖြစ်ဖို့ကို အမြဲဦးစားပေးပါ။ တင်ပါးနေရာက ပွတာဟာ အလွန်ကြည့်ရဆိုးသလို ဖက်ရှင်ကိုပါ ပုံပျက်ပန်းပျက် ဖြစ်စေနိုင်ပါတယ်။