လူတွေကို တစ်ခုခု ယုံကြည်စေချင်ရင် စကားကို တိုးညှင်းစွာပဲ ပြောပါ။ တိုးဖွတဲ့ အသံတွေဟာ လူတွေကို ပိုပြီးဩဇာလွှမ်းမိုးနိုင်ပြီး ကိုယ့်စကားကို လူတွေ လူတွေသဘောတူဖို့ ပိုအလားအလာများပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လူတွေရဲ့ စိတ်နှလုံးကို စိုးမိုးနိုင်ဖို့အတွက် ပိုက်ဆံသုံးစရာမလိုတာလေးတွေ ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ အခုပြောပြပေးမယ့် လူချစ်လူခင်များသူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးနည်းလမ်းလေးတွေကလည်း အထောက်အကူဖြစ်စေမှာပါ။

(၁) လူတွေနဲ့ အချိန်ပေးပြီး တွေ့တယ်

ပရိသတ်ရှေ့ထွက်ရမလား / မထွက်ရဘူးလား ရွေးပါဆိုရင် ထွက်ဖို့ပဲရွေးပါ။ လူတွေကို ဩဇာလွှမ်းမိုးဖို့ဆိုရင် သူတို့နဲ့တွေ့ပြီး စကားမပြောလို့ မဖြစ်ပါဘူး။ ပရိသတ်နဲ့ကိုယ့်အကြား တံတိုင်းတွေထားမယ့်အစား သူတို့နဲ့ စကားပြောဖို့ အချိန်ပေးလိုက်ရုံနဲ့ အများကြီး အလုပ်ဖြစ်ပါလိမ့်မယ်။

(၂) စိတ်ဝင်စားမှုပြပါ

လူတစ်ယောက်ရဲ့ ယုံကြည်မှုရဖို့အတွက် အရင်ဆုံး သူ့ကို တကယ်စိတ်ဝင်စားဖို့ လိုပါတယ်။ စိတ်ဝင်စားကြောင်း ပြဖို့အတွက် ကောင်းကောင်း နားထောင်ပေးတတ်ဖို့ပဲ လိုပါတယ်။ ဘယ်သူမဆို ကိုယ့်ကို စိတ်ဝင်စားတဲ့သူအပေါ် အလေးအနက်ထား ယုံကြည်ကြတာပါပဲ။ ဒါကြောင့် စိတ်ဝင်စားမှုရှိပါစေ။

(၃) Body Language ကောင်းနဲ့ နေပါ

လူအချင်းချင်း ဆက်သွယ်မှုမှာ စကားလောက်နဲ့ချည်း အလုပ်မဖြစ်ပါဘူး။ တော်ကီကောင်းဖို့ထက် သင့်ရဲ့ အပြုအမူကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက်အဖို့ Body Language လို့ ခေါ်တဲ့ ကာယဗေဒလည်း ကောင်းအောင် ဂရုစိုက်ပေးသင့်ပါတယ်။

(၄) လူတွေကို တန်းတူထား ဆက်ဆံပါ

အထင်သေးခြင်း/ကြီးခြင်းထက် မျှတတဲ့စိတ်ထားနဲ့ ဆက်ဆံတတ်ဖို့ဆိုတာ သိပ်မြင့်ပါတယ်။ တကယ် ချီးကျူးထိုက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ လူတွေရဲ့ ချစ်ခင်လေးစားမှု ရချင်ရင် လေးစားသမှုထားပါ။ ဖော်ရွေစွာ ပြုံးပါ။ ဘက်မလိုက်ဘဲ မျှတစွာဆက်ဆံပါလို့ ပြောချင်ပါတယ်။

(၅) ဝတ်တတ်စားတတ်တယ်

လူယဉ်ကျေးတွေဟာ ဘုရားသွားကျောင်းတက်တဲ့ အဝတ်အစားနဲ့ ပွဲသွားရုံးတက်တဲ့ အဝတ်အစားကို ခွဲခြားတတ်ပါတယ်။ အဝတ်အစားဟာ လူရဲ့ ID တစ်ခုပါပဲ။ လူတစ်ယောက်ပေါ် ခင််မင်ချင်စိတ်ဖြစ်အောင် ၊ ရွံရှာပြီး ကြည့်မရဖြစ်အောင်လည်း လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဝတ်ပုံစားပုံ နည်းလမ်းကျရင်လည်း လူတွေရဲ့ ချစ်ခင်မှုကို သိမ်းကျုံးရယူနိုင်မှာပါ။