မင်္ဂလာပါရှင်… အဖြူရောင်ကို သဘောကျ နှစ်သက်တဲ့ ပျိုမဒီတို့ရေ…. အဖြူရောင်အဝတ်အစားလေးတွေက ဝတ်လိုက်ရင် လူကို စမတ်ကျစေပြီး အများကြားမှာထင်းနေစေတာ အမှန်ပါဘဲနော်။ ဒါပေမယ့် ဒီအဖြူရောင် အဝတ်အစားတွေက ပေလွယ်ညစ်လွယ်တာကတော့ စိတ်ညစ်စရာပါဘဲနော်။

အဖြူရောင်အဝတ်အစားတွေကို လျှော်တဲ့အခါ အများစုက ချွတ်ဆေးကို အရင်ဆုံးသုံးကြပါတယ်။ ဒါပေမယ့် အထည်တွေကို ဖြူအောင်လုပ်ဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်နော်။လက်ထဲမှာရှိပြီးသား ပစ္စည်းတွေကိုသုံးပြီး အထည်တွေကို ဖြူအောင်လုပ်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

White Vinegar

ရေနွေးပူထဲမှာ Vinegar ထည့်ပြီး အဖြူရောင်အဝတ်အစားတွေကို မြုပ်အောင်စိမ်ပြီး တညထားလိုက်ပါ။ မနက်ကျ ပုံမှန်အတိုင်းလျှော်ပေးပါ။ Vinegar ထည့်လျှော်တာက အဝတ်မှာကျန်နေတဲ့ ဆပ်ပြာတွေကြောင့် အရောင်မှိန်တာတွေကို သက်သာစေပါတယ်။

သံပယိုသီး

သံပယိုသီးမှာပါတဲ့ Citric အက်ဆစ်က အထည်တွေကို အရောင်ချွတ်စေပြီး ချည်သား၊ ပိတ်ချောနဲ့ Polyester အမျှင်တွေကို ဖြူစင်အောင် လုပ်ပေးနိုင်ပါတယ်။ သံပုရာရည် ခွက်တစ်ဝက် (သံပုရာသီးလေးလုံးခန့်)ကို ရေနွေးနဲ့ရောပြီး အဖြူရောင်အ၀တ်အစားတွေကို သံပုရာရေထဲထည့်ပြီး အနည်းဆုံး တစ်နာရီလောက် စိမ်ထားလိုက်ပါ။ တစ်ညလုံး ကြာကြာစိမ်ထာ ပြီးရင်တော့ မနက်ကျ ပုံမှန်အတိုင်း ‌လျှော်လိုက်ပါ။

Baking Soda

Baking Soda တစ်ခွက်ကို ပွက်ပွက်ဆူနေတဲ့ရေနဲ့ရောပြီး မွှေပေးပါ။ နည်းနည်းအေးသွားတဲ့အခါ  အဖြူရောင်အ၀တ်အစားတွေကို ထည့်ပြီး အနည်းဆုံး တစ်နာရီ သို့မဟုတ် တစ်ညလုံး စိမ်ထားလိုက်ပါ။ တစ်ညလုံး ကြာကြာစိမ်ထာ ပြီးရင်တော့ မနက်ကျ ပုံမှန်အတိုင်း ‌လျှော်လိုက်ပါ

ပန်းကန်ဆေးဆပ်ပြာ

ပန်းကန်ဆေးဆပ်ပြာတွေမှာ အမျှင်ဓာတ်တွေကို ဖြူစင်စေတဲ့ Sodium Hypochlorite (Chlorine Bleach) ပါဝင်တာကြောင့် ရေနွေးပူပူနဲ့ရောပြီး အဖြူရောင်အ၀တ်အစား တွေကို အနည်းဆုံး မိနစ် 30 ခန့် စိမ်ထားပြီးမှ လျှော်ပေးပါ။

နေရောင်ခြည်

နေရောင်ခြည်ရဲ့ခရမ်းလွန်ရောင်ခြည်က အရောင်ပါတဲ့အဝတ်အစားတွေကို မှိန်သွားစေပေမယ့် အဖြူရောင်အဝတ်များကိုတော့  ပိုတောက်ပစေပါတယ်။ ခရမ်းလွန်ရောင်ခြည်က အရောင်ချွတ်ရုံသာမက ပိုးမွှားတွေကို သေစေပြီး အထည်တွေကို ပိုးသတ်ဖို့အတွက် ကူညီပေးပါတယ်။  အဖြူရောင် အိပ်ယာခင်းများတွေ မျက်နှာသုတ်ပုဝါတွေကို နေရောင် အောက်မှာလှန်းပြီး  ခြောက်အောင်ထားလိုက်ပါ။