လတ်တလော လူငယ်ကောင်မလေးတွေကြားမှာ အရမ်းခေတ်စားနေတဲ့ ဂျင်းစကပ်အတိုလေးကို ဖက်ရှင်စတိုင်လ်အမျိုးမျိုး ဘယ်လိုပြောင်းလဲ ဝတ်ဆင်နိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

တော်တော်များများက အဲ့ဂျင်းစကပ်လေးတွေကို ဒီလို crop top နဲ့ တွဲဝတ်ပြီး boots အမဲလေး စီးကြပါတယ်။ အခုလတ်တလောမှာ အရမ်း trends ဖြစ်နေတဲ့ ဖက်ရှင်စတိုင်လ်လေးပါပဲ။

ရာသီဥတု နည်းနည်းအေးတဲ့အချိန်မှာဆိုရင် အဲ့ဂျင်းစကပ်လေးကို ဒီလို hoodie တွဲဝတ်ပြီး အထာကျကျ ရှိုးထုတ်နိုင်ပါသေးတယ်။

ဒီဂျင်းစကပ်အတိုလေးကို cardigan အတိုလေးတွေနဲ့ တွဲဝတ်တာလည်း ဆွဲဆောင်မှုရှိပြီး လှတာပါပဲ။ ဖိနပ်ကတော့ boots အမဲစီးရင် ပိုပြီး perfect ဖြစ်နေမှာပါ။

အခုခေတ်စားနေတဲ့ ဒီဂျင်းစကပ်အတိုလေးကို သူများနဲ့မတူအောင် ဒီလိုလေးလည်း ဝတ်လို့ရပါသေးတယ်။ ချစ်ဖို့လည်းကောင်း၊ လှလည်းလှတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။

ချစ်ဖို့လည်းကောင်းပြီး မိုက်လည်းမိုက်နေအောင် ဒီလိုကုတ်အပွ အရှည်တွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ခရီးသွားတဲ့အခါ၊ ဓာတ်ပုံရိုက်ဖို့ ရှိုးထုတ်ချင်တဲ့အခါမျိုးမှာ ဝတ်သင့်တဲ့ ဖက်ရှင်ပါပဲ။

ဆွဲဆောင်မှုရှိပြီး ရှင်းရှင်းလေးနဲ့ လှနေတာမျိုးဆိုရင်တော့ အဲ့ဒီဂျင်းစကပ်လေးတွေကို ဒီလိုစတိုင်လ်လေးသာ ဝတ်ကြည့်ပါ။

အဲ့ဂျင်းစကပ်လေးတွေကို ဒီလိုကြိုးတစ်လုံး အင်္ကျီဒီဇိုင်းမျိုးနဲ့ တွဲဝတ်ကြတာ သိပ်မရှိသေးပါဘူး။ ဒါကြောင့် သူများနဲ့မတူချင်ရင် ဒီလိုလေးဝတ်ကြည့်ပါ။

ခေတ်စားနေတဲ့ အဲ့ဂျင်းစကပ်လေးကို စတိုင်လ်ကျကျ ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း ဖက်ရှင်ကျသွားတာပါပဲ။ ဖိနပ်က boots အမဲလေးတွေစီးရင် ပိုမိုက်ပါတယ်။

ဒီလိုအင်္ကျီဒီဇိုင်းလေးတွေဆိုလည်း အခု trends ဖြစ်နေတဲ့ ပုံစံလေးတွေပါပဲ။ ဒါကြောင့် အဲ့ဂျင်းစကပ်လေးနဲ့ တွဲဝတ်လိုက်ရင် ဖက်ရှင်ကျပြီး လှနေမှာ သေချာပါတယ်။