အပြင်နေ့တိုင်းထွက်နေရလို့ mascara ကိုအမြဲသုံးနေရတဲ့သူတွေ၊ နေ့တိုင်းသုံးနေရတဲ့သူတွေအတွက် mascara ဘယ်လောက်သုံးသုံး မျက်တောင်လေးတွေမပျက်စီးစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Moisturise

မျက်တောင်လေးတွေအတွက်လည်း moisturising လိုအပ်ပါတယ်။ coconut oil, castor oil, vaseline petroleum jelly တွေထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးသုံးပြီး ညအိပ်ယာဝင်ခါနီးတိုင်း မျက်တောင်လေးတွေမှာ လိမ်းပေးမယ်ဆိုရင်တော့ မျက်တောင်ပျက်စီးတာ သက်သာစေပါမယ်။

Right mascara

ရွေးချယ်စရာ၊ သုံးစရာ mascara တွေကတော့ အများကြီးပါ။ အဲ့ထဲကမှ quality ကောင်းပြီး စိတ်ချရတဲ့ mascara ကောင်းကောင်းတစ်ခုကို ရွေးသုံးသင့်ပါတယ်။ မျက်တောင်ဆိုတာ မျက်လုံးနဲ့အနီးစပ်ဆုံးဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်က နေ့တိုင်းသုံးမယ်ဆိုရင် ကောင်းတာကိုပဲသုံးပါ။ ဒါမှ မျက်တောင်လေးတွေလည်း ထိခိုက်ပျက်စီးမှုမရှိမှာပါ။

Expire date

Mascara သုံးတဲ့အခါမှာ expire date သတိထားပေးပါ။ mascara တွေက ၆ လပဲ သုံးသင့်ပါတယ်။ သူ့ဘူးမှာလည်း 6M လို့ အမြဲရေထားပါတယ်။ expire ဖြစ်သွားတဲ့ mascara ကိုသုံးရင် mascara တွေက ပျစ်ခဲလာတာ၊ နံလာတာမျိုး ဖြစ်လာပါလိမ့်မယ်။ အဲ့အတွက် မျက်တောင်လည်း ထိခိုက်ပျက်စီးစေပါတယ်။ မျက်တောင်ကျွတ်တာ၊ မျက်တောင်မှာ mascara တွေက ခဲပြီးမလှတာမျိုးတွေ ဖြစ်မှာပါ။

ညှင်သာစွာဖျက်ပါ

Mascara တွေကို makeup remover နဲ့ဖျက်ရင် အတင်းဖိပွတ်ပြီးဖျက်တာမျိုး မလုပ်ပါနဲ့။ မျက်တောင်လေးတွေ ကျွတ်ကုန်ပါလိမ့်မယ်။ ဖြေးဖြေးချင်းစီ ညှင်သာစွာဖျက်ပေးပါ။ ဖျက်တဲ့အခါမှာလည်း ပြောင်အောင်ဖျက်ပါ။ မပြောင်ရင် မျက်တောင်ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။

မျက်လုံးကိုမပွတ်ပါနဲ့

မျက်လုံးယားလို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် မျက်လုံးကို အတင်းဖိပွတ်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက မျက်တောင်ကျွတ်စေပြီး မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ထင်စေပါတယ်။