Blazer အင်္ကျီတွေကို များသောအားဖြင့် အလုပ်ခွင်သွားရတဲ့ သူတွေ ဝတ်လေ့ရှိသလို၊ ပွဲတက်တဲ့သူတွေလည်း ခြုံပြီး ဝတ်လေ့ရှိပါတယ်။ ပြောရရင် Blazer အင်္ကျီက မိန်းကလေးတိုင်းမှာ ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အဝတ်အစားတွေထဲက တစ်ခုပါပဲ။ ဒီဝတ်စုံက အထူးသဖြင့် တည်တည်ငြိမ်ငြိမ် ပုံစံပေးလေ့ရှိပြီး ပိုလူကြီးဆန်သွားစေပါတယ်။ ကိုယ်က ပေါ့ပေါ့ပါးပါး ထသွားထလာ Blazer ဝတ်ချင်ပေမယ့် ကိုယ်ဝတ်လိုက်ရင် အသက်ကြီးတယ် ပိုထင်သွားရစေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လေးပင်တဲ့ ဖက်ရှင်အရသာမျိုး မပေးဘဲ Blazer ကို ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန် ဝတ်နိုင်မယ့် အိုင်ဒီယာ (၁၀) မျိုးကို ဖော်ပြပါရစေ။

အထဲက Crop ကို လူငယ်ဆန်တာထဲက ရွေးမယ်

ကိုယ်အတွင်းက ဝတ်မယ့် အင်္ကျီကို ပေါ့ပေါ့ပါးပါး ဖြစ်တာ ရွေးလိုက်တဲ့အခါ အသက်ပိုကြီးတယ် မထင်ရစေဘဲ ပိုချစ်ဖို့ ကောင်းသွားစေနိုင်ပါတယ်။

Blazer မှာမှ လက်ရှည်မဟုတ်ဘဲ လက်တိုကို ရွေးချယ်ပါ

လက်တို Blazer တွေက ပိုလူငယ်ဆန်တယ် ထင်ရစေပါတယ်။ ကိုယ်ရွေးတဲ့ Blazer နဲ့ အရောင်တူတဲ့ ဖိနပ်နဲ့ဆိုရင်တော့ ပိုစတိုင်ကျသွားမှာပါ။

အပေါ်အောက် အရောင်တူတာ

အခုနောက်ပိုင်း Blazer ကိုမှ ဝမ်းဆက် တွဲရောင်းလာကြပါတယ်။ ဒီလို အရောင်တူတဲ့ အတွဲအစပ်ထဲကမှ စကပ်တို၊ ဘောင်းဘီတိုမျိုးကို ရွေးသင့်ပါတယ်။

Biker Short နဲ့အတူ ပြင်ပ Accessories

Biker Short နဲ့ Blazer ကို တွဲဝတ်နိုင်ပါတယ်။ ဒါ့အပြင် အပို Accessories အနေနဲ့ ဦးထုပ်၊ အိတ်တို့ကို တွဲလိုက်တဲ့အခါ Blazer Coat လို့တောင် မထင်ရတော့ပါဘူး။

Blazer အရောင်နု

သင်က လူငယ်တစ်ယောက် ဖြစ်ပေမယ့် လုပ်ငန်းခွင် သွားရမယ်၊ အရမ်းလည်း အသက်ကြီးတဲ့ ပုံစံမျိုး မဖြစ်စေချင်ရင် Blazer ကို အရောင်နုတာ ရွေးသင့်ပါတယ်။

V Neck နဲ့ ဂျင်းဘောင်းဘီ

အောက်ဘက် စတိုင် Pants ကို မရွေးဘဲ လူငယ်ဆန်ချင်ရင် ဂျင်းဘောင်းဘီကို ရွေးသင့်ပါတယ်။ အတွင်းအင်္ကျီကိုလည်း လည်ဝိုက်မဟုတ်ဘဲ V Neck လေး ရွေးသင့်ပါတယ်။

လက်ခေါက်ဝတ်တာ

တက်တက်ကြွကြွ အလုပ်လုပ်နေတဲ့ လူငယ်ကောင်မလေးဆိုရင် လက်ရှည်ကို လက်ခေါက်ဝတ်တာက အိုင်ဒီယာကောင်းပါ။

စကပ်အကားအတို

သင်က အပေါ်ထပ်ကိုပဲ ကြယ်သီးတပ်ဝတ်မယ်ဆိုရင် ဘောင်းဘီရှည်ကို မရွေးမှ အဆင်ပြေပါမယ်။ လူငယ်ဆန်ဆန် စတိုင်ကျချင်သူ ပျိုမေတို့အနေနဲ့ စကပ်အကားကို ရွေးနိုင်ပါတယ်။

စကပ် အရောင်နုတာ

Blazer နဲ့ အရောင်မတူတဲ့ အရောင်လွင်တဲ့ စကပ်လေးတွေက လူငယ်ပိုဆန်စေပါတယ်။

Pastel Color

ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းရောင် အနု စတဲ့ အရောင်တွေနဲ့ Blazer Coat တွေက လူငယ်ပိုဆန်စေတဲ့ အရောင်တွေပါ။

Photo Source: Pinterest

By MyStyle Myanmar