Alarm ပေးထားလည်း Alarm ပိတ်ပြီး ပြန်အိပ်နေရင် ဘာမှမထူးပါဘူး။ ဒီတော့ Alarm ပေးစရာမလိုပဲနဲ့ မနက်စောစောနိုးထနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလင်းရောင်ဝင်အောင်ထားပါ

အခန်းကို အလင်းရောင်မဝင်အောင် အကုန်ပိတ်ထားတာမျိုး မလုပ်ပါနဲ့။ အခန်းမှောင်နေရင် မိုးလင်းမှန်းတောင်မသိပဲ ဆက်ပြီးအိပ်ပျော်နေပါလိမ့်မယ်။ ဒီတော့ သဘာဝအလင်းရောင်ဝင်အောင် ထားမယ်ဆိုရင် မိုးလင်းလို့ နေရောင်ခြည်လေးထွက်တာနဲ့ အခန်းကလင်းသွားတဲ့အတွက် အလိုလိုနိုးလာစေပါတယ်။

Schedule ထားပါ

အိပ်ချိန်ထချိန်ကို Schedule ထားပြီးလုပ်မယ်ဆိုရင် အချိန်နဲ့အိပ်တာ၊ ထတာက အကျင့်ဖြစ်သွားတဲ့အတွက် Alarm တောင်မလိုပါဘူး။ ညဘက် ၁၀ နာရီအိပ်ရင် မနက် ၆ နာရီထတာမျိုး၊ ည ၉ နာရီအိပ်ရင် မနက် ၅ နာရီထတာမျိုးနဲ့ အချိန်သတ်မှတ်လိုက်ပါ။

မနက်စောစောလေ့ကျင့်ခန်းလုပ်ပါ

မနက်စောစောလေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ရှိမယ်ဆိုရင်လည်း လေ့ကျင့်ခန်းလုပ်ဖို့အတွက် စောစောနိုးနေမှာပါ။ ဒါ့အပြင် မနက်ခင်း လေ့ကျင့်ခန်းလုပ်ပေးခြင်းက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေပြီး မနက်လည်း Active ဖြစ်နေစေပါတယ်။

အိပ်ခါနီးအစာစားခြင်းကိုရှောင်ပါ

အိပ်ခါနီးမှာ အစားစားခြင်းက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ စားလိုက်တဲ့ အစားအသောက်တွေကို ချေဖျက်ဖို့အတွက် အချိန်လိုပါတယ်။ ဒါကြောင့် စားပြီး အိပ်လိုက်တဲ့အခါ အစာမကြေဖြစ်ပြီး အစာအိမ်နာတာ၊ အက်ဆစ်တွေပြန်တက်တာမျိုး ဖြစ်စေပါတယ်။ အိပ်ခါနီး ဗိုက်ဆာတယ်ဆိုရင်လည်း အစာကြေလွယ်တဲ့ ပေါ့ပေါ့ပါးပါး Snacks တွေ စားပေးနိုင်ပါတယ်။

အိပ်ယာထဲဖုန်းမယူထားပါနဲ့

အိပ်ယာထဲမျာ ဖုန်းသုံးနေရင် တော်ရုံနဲ့မအိပ်ဖြစ်တော့တဲ့အတွက် မနက်လည်း စောစောထနိုင်မှာ မဟုတ်ပါဘူး။ အိပ်ရေးမဝတဲ့အတွက် Alarm ပေးထားရင်တောင်မှ နိုးတော့မှာမဟုတ်ပါဘူး။ ဒီတော့ အိပ်ယာထဲဖုန်းမယူထားပါနဲ့။ အိပ်ယာနဲ့ ဝေးတဲ့နေရာမှာ ဖုန်းထားပါ။ အိပ်ခါနီး ၁ နာရီ၊ ၂ နာရီအလိုထဲက ဖုန်းမသုံးပါနဲ့တော်။