ဒိန်ချဉ်ဟာ စားဖို့သက်သက်ပဲ့မဟုတ်ပါဘူးနော်။ အသားအရေနဲ့ဆံပင် ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ ဇင့်ဂ်နဲ့ လက်တီး အက်ဆစ်ဓါတ်တွေက ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိစေပါတယ်။ ဒိန်ချည်ကို အရေပြားပေါ်မှာ ညင်သာစွာ ပွတ်ပေးတာဟာ အသားအရေပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ ချောမွတ်လာစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျည်းစေပြီး ခြောက်သွ့တဲ့အသားအရေကို အာဟာရဖြည့်ပေးတာမို့ အသားအရေလှပ တင့်တယ်စေမှာပါ။

ကဲ…ဈေးကြီးပေးဝယ်ရတဲ့ Cosmeticsတွေအစား သဘာဝဒိန်ချဉ်လေးကိုသာ အသုံးပြုပြီး အပြစ်အနာဆာကင်းကာ စိုဝင်းချောမွတ်နေတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုက်ကြပါစို့..

ဝက်ခြံ

အက်ဆစ်ရဲ့သဘောတရားရှိတဲ့ ဒိန်ချဉ်မှာ ဝက်ခြံအမျိုးမျိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယား၊ မှိုနဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကို မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်လိမ်းပေးထားပြီး မျက်နှာသစ်ချလိုက်ပါ။ အသားအရေ သန့်ရှင်းပြီး အမာရွတ်တွေကော ဝက်ခြံပါ ပျောက်ကင်းသွားမှာပါ။

နောက်တစ်နည်းက ဒိန်ချဉ်ကို နနွင်းမှုန့် သကြားနဲ့ ဆန္ဒကူးနံ့သာမှုန့်ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်လိမ်းပေးကာ မျက်နှာသစ်ပါ။

ဆားဝက်ခြံ

ဆန်မှုန့်နဲ့ ဒိန်ချဉ်ရောပြီး မျက်နှာပေါ်က ဆားဝက်ခြံရှိတဲ့နေရာမှာ ညင်သာစွာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုတာတွေအတွက် ဒိန်ချဉ်ကို ၁၅ မိနစ်လောက်လိမ်းပေးပြီး ဝါဂွမ်းစနဲ့ သုတ်ပစ်ပေးပါ။ တစ်ပတ်အတွင်း မျက်ကွင်းညိုတာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Source: diyhealthremedy