ခြေဖနောင့်အသားတွေ ခြောက်ပြီး ကွဲအက်နေတယ်၊ ကြမ်းတမ်းနေတယ်ဆိုရင် ရေမြှုပ်ကျောက်ကိုသုံးလို့ ရပါတယ်။ ပုံမှန်လုပ်ပေးရင် သက်သာပျောက်ကင်းပြီး အသားချောလာမှာပါ။ ရေမြှုပ်ကျောက်သုံးတဲ့အခါမှာ ဘယ်လိုသုံးရမလဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

Step 1

ကိုယ်ခြေထောက်စိမ်မယ့် ဇလုံ (သို့) ဘေဇင်ထဲကို ရေနွေးထည့်ပြီး ဆပ်ပြာ (သို့) ခေါင်းလျှော်ရည် နည်းနည်းထည့်၊ essential oil ထည့်ပါ။ ဒီလိုလုပ်ပြီး ခြေထောက်စိမ်ရင် ခြေထောက်အသားအရေ နူးညံ့ပြီး moisture ပိုရစေပါတယ်။ Spa သွားရသလိုလည်း ခံစားရစေပါတယ်။

Step 2

ခြေထောက်ထည့်ပြီး စိမ်လိုက်လို့ရပါပြီ။ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ စိမ်ပေးပါ။ ဒါမှ ကြမ်းတမ်းနေတဲ့ ခြေဖနောင့်တွေက နူးညံ့ပြီး တိုက်လို့ကောင်းမှာပါ။

Step 3

ခြေထောက်စိမ်ထားတဲ့အချိန်မှာ ရေမြှုပ်ကျောက်ကိုလည်း ရေနွေးထဲ ထည့်စိမ်ပါ။ ရေမြှုပ်ကျောက်ကို အခြောက်အတိုင်းသုံးမယ်ဆိုရင် အသားအရေပွန်းတာ၊ နီမြန်းတာတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ရေစိမ်ပြီးမှသုံးပါ။

Step 4

ခြေထောက်စိမ်ထားတာ အချိန်ပြည့်ပြီဆိုရင် ရေမြှုပ်ကျောက်နဲ့ ခြေဖနောင့်တွေ၊ ခြေထောက်ဘေးဘက်တွေကို ဖြေးဖြေးချင်းစီ ပွတ်တိုက်ပေးပါ။ တိုက်တဲ့အခါမှာ circular motion နဲ့ ၅ မိနစ်လောက် ပွတ်တိုက်ပေးပါ။

Step 5

တိုက်ပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ ခြေထောက်ကို ပြန်သန့်စင်ပြီး အခြောက်ခံလိုက်ပါ။

Step 6

ရေခြောက်သွားပြီဆိုရင်တော့ ခြေထောက်၊ ခြေဖမိုး၊ ခြေဖနောင့်၊ ခြေဖဝါး အကုန်လုံးကို lotion (သို့) moisturizer လိမ်းပေးပါ။