ဥအနှစ်၊ ဆီနဲ့ ရှာလကာရည်တို့ ရောထားတဲ့ မိရောနိစ်ဟာဆိုရင် ကမ္ဘာတစ်လွှားမှာ လူအများအသုံးပြုနေကြတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါပဲ။ မိရောနိစ်ဟာ အစားအစာအတွက်အသုံးဝင်တဲ့အပြင် အလှအပအတွက်ရော အိမ်တွင်းသန့်ရှင်းမှုအတွက်ပါ အသုံးဝင်ပါတယ်။

၁။ လက်သည်း အလှအပအတွက်

ပန်းကန်လုံးတစ်ခုထဲသို့ မိရောနိစ်လေးထည့်ပြီး လက်ချောင်းလေးတွေကို မိရောနိစ်ထဲ နှစ်ထားလိုက်ပါ။ ၅ မိနစ်ကြာသွားရင်တော့ လက်မှာ ကပ်နေတဲ့ မိရောနိစ်တွေကို ဆေးကြောသန့်စင်လိုက်ပါ။ အဲ့ဒီလိုပြုလုပ်ပေးခြင်းဖြင့် လက်သည်းလေးတွေ ကျိုးပဲ့ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာလှပစေပါတယ်။

၂။ မျက်နှာ အသားအရည်အတွက်

မိရောနိစ်ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သေချာရောမွှေပေးလိုက်ပါ။ ပြီးရင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့်ကြာရင်တော့ ရေစိုအဝတ်နဲ့ သန့်စင်ပေးလိုက်ပါ။ သံလွင်ဆီရယ်၊ မိရောနိစ်ထဲက ရှာလကာရည်ရယ်က ခြောက်သွေ့နေတဲ့အသားအရေကို အစိုဓာတ်ထောက်ပံ့ပေးထားနိုင်ပါတယ်။

၃။ နေလောင်ဒဏ်ခံစားရမှုအတွက်

ကမ်းခြေက ပြန်လာပြီးလို့ နေလောင်ဒဏ်ခံထားရလို့ စိတ်ညစ်နေပြီလား။ နေလောင်ဒဏ်ခံထားရတဲ့ နီမြန်းနေတဲ့နေရာကို မိရောနိစ်နဲ့ သုတ်လိမ်းပေးလိုက်ပါ။ မိရောနိစ်ထဲမှာ ပါတဲ့ ရှာလကာရည်က နေလောင်ဒဏ်ကို သက်သာပျောက်ကင်းစေပါတယ်။

၄။ ပီကေကပ်နေတဲ့အခါ

ဧည့်ခန်းက စားပွဲမှာပဲဖြစ်ဖြစ်၊ ကုလားထိုင်မှာပဲဖြစ်ဖြစ် ပီကေကပ်နေတဲ့အခါ၊ ဆံပင်မှာ ပီကေကပ်နေတဲ့အခါ မိရောနိစ်ကို သုတ်လိမ်းပေးလိုက်ပါ။ မိရောနိစ်ထဲမှာပါတဲ့ အဆီအနှစ်က ပီကေရဲ့ကပ်နိုင်စွမ်းအားကို စုပ်ယူပါလိမ့်မယ်။

၅။ ဆံပင်ပေါင်းဆေး

ကောက်ရိုးမျှင်တွေလို ဆံပင်ကြမ်းတမ်းလို့ စိတ်ညစ်နေပါသလား။ မိရောနိစ်နဲ့ ဆံကေသာကို ပျော့ပျောင်းသွားအောင် ပြုလုပ်လိုက်ပါ။ မိရောနိစ်ကို ဆံပင်ပေါ်မှာ သုတ်လိမ်းပြီး Shower Cap နဲ့ ၈ နာရီကြာစွပ်ထားလိုက်ပါ။ ပြီးရင် ကိုယ်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ပဲ လျှော်ပေးလိုက်ပါ။ ပိုးသားလေးလို နူးညံ့တောက်ပြောင်တဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ပါပြီ။

၆။ နံရံပေါ်က ရောင်ခြယ်တွေ

သင့်ကလေးက နံရံကို ရောင်စုံခဲတံတွေနဲ့ ရေးခြစ်လိုက်လို့ ဆူမဲ့အစား ရေမြှုပ်အဝတ်နဲ့ မိရောနိစ်ကို နံရံပေါ်သို့ သုတ်လိမ်းလိုက်ပြီး ၅ မိနစ် ၁၀ မိနစ်ခန့်ထားထားပါ။ ပြီးရင် အဝတ်သန့်သန့်လေးတစ်ခုနဲ့ ဖယ်ရှားသန့်စင်လိုက်မယ်ဆိုရင် နံရံကဆေးတွေကို မကွာဘဲ နဂိုအတိုင်းပြန်ဖြစ်သွားစေပါတယ်။

၇။ အရောင်မှိန်နေတဲ့ ငွေဇွန်းအတွက်

အရောင်မှိန်နေတဲ့ ငွေဇွန်းအတွက် အရောင်ပြန်တင်ပေးဖို့အတွက် မိရောနိစ်ကို အသုံးပြုနိုင်ပါသေးတယ်။ အဝတ်စတစ်ခုအသုံးပြုပြီး မိရောနိစ်ကို ဇွန်းပေါ်မှာ လိမ်းကျံလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်မယ်ဆို ဇွန်းအသစ်တစ်ချောင်းအတိုင်း ပြန်ဖြစ်သွားပါပြီ။

၈။ စတေကာခွာဖို့အတွက်

ပန်းကန်တွေ၊ ဖန်ခွက်တွေမှာ ကပ်ထားတဲ့ ဈေးနှုန်းစတေကာကို အရင်ဆုံး လက်သည်းနဲ့အရင်ခွာလိုက်ပါ။ ကျန်ခဲ့တဲ့ စက္ကူပေါ်မှာ မိရောနိစ်အနည်းငယ် လိမ်းကျံလိုက်ပါ။ ၁၅ မိနစ်၊ ၁၀ မိနစ်ခန့် ထားပြီး အဝတ်အစိုလေးနဲ့ သန့်စင်လိုက်မယ်ဆိုရင် ကော်တွေကပ်နေမှာ မဟုတ်တော့ပါဘူး။

Source: Brightside.me