ခေါင်းက ဗောက်တွေကြောင့်ယားနေချိန် လူကြားထဲမှာ ကုတ်မရနဲ့က တော်တော်ဆိုးတဲ့အချိန်ပါပဲ။ ဒီလို အဆိုးဆုံးအချိန်ကိုဖြေရှင်းဖို့ သံပုရာသီးက သေချာပေါက် ကူညီနိုင်ပါတယ်။

Lemon and Coconut Oil

အပူပေးထားတဲ့ အုန်းဆီထဲ သံပုရာရည် ၂ ဇွန်းကို ရောမွှေပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပေးပါ။ လိမ်းပြီး ၁၀-၁၅ မိနစ်ခလောက်နှိပ်ပေးပါ။ ပြီးမှ ၁၀ မိနစ်လောက်အကြာမှာ ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ် လုပ်ပေးပါ။

Apple Cider Vinegar and Lemon

ပန်းသီးရှာလကာရှည် ၄ ဇွန်း ၊ ရေ ၂ ဇွန်း ၊ သံပုရာရည် ၂ ဇွန်းတို့ကို ရောပြီး ဦးရေပြားကို တိုက်ရိုက်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီးမှ ရိုးရိုးရေနဲ့လျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ် လုပ်ပေးပါ။

Aloe Vera with Lemon

ရှားစောင်းလက်ပတ်ဂျယ်လ်ကို သံပုရာရည်နဲ့ ရောပြီး ဦးရေပြားကို တိုက်ရိုက်လိမ်းပေးပါ။ ၁ နာရီလောက်ထားပြီးမှ ရေနဲ့ သေချာလျှော်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်ပေးပါ။

Lemon with Orange Peel Solution

လိမ္မော် ၂ ဇွန်း နဲ့ သံပုရာရည် ၂ ဇွန်းကို ရေနည်းနည်းနဲ့ရောပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပေးပါ။ မိနစ် 20-30 လောက်ထားပြီးမှ ရိုးရိုးရေနဲ့လျှော်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်ပေးပါ။

Yogurt Honey Lemon

ဒိန်ချဉ် – ၁/၂ ခွက်ကို ၊ သံပုရာရည် ၂ ဇွန်း ၊ ပျားရည် ၂ ဇွန်းတို့ကို သေချာသမအောင်မွှေပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပါ။ မိနစ် 20 လောက်ထားပြီးမှခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ် လုပ်ပေးပါ။

Almond Oil and Lemon

ဗာဒံဆီ ၄ ဇွန်း ၊ Tea tree oil ၂ ဇွန်း နဲ့ သံပုရာရည် ၂ ဇွန်းတို့ကို သမအောင်မွှေပြီး ဦးရေပြားပေါ် တိုက်ရိုက်လိမ်းပြီး နှိပ်ပေးပါ။ 5-20 မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာလျှော်ပေးပါ။