အားလုံးပဲ မင်္ဂလာပါ။ ပျိုမေလေးတွေပိုင်ဆိုင်ထားတဲ့ ဆံပင်လေမှုတ်စက်က ဆံပင်အခြောက်ခံဖို့တစ်ခုတည်းပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ဘက်စုံအသုံးဝင်ပါတယ်။ ဆိုးထားတဲ့လက်သည်းနီမြန်မြန်ခြောက်ချင်တာလား၊ ဒါမှမဟုတ် ကြပ်နေတဲ့ ဒေါက်ဖိနပ်တွေကိုလည်း သက်သောင့်သက်သာ စီးလို့ရအောင် ကူညီပေးနိုင်ပါတယ်။

ဒါဆိုရင် ဆံပင်လေမှုတ်စက်ရဲ့ ဘက်စုံအသုံးဝင်ပုံလေးတွေကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

လက်သည်းနီအမြန်ခြောက်ချင်တာလား။

ဆံပင်လေမှုတ်စက်ကို ခပ်ဝေးဝေးလေးထားပြီး အနိမ့်ဆုံးအပူချိန်နဲ့ မှုတ်ပေးလိုက်ပါ။

အသစ်စက်စက်ဒေါက်ဖိနပ်လေးက စီးရတာကြပ်လို့ ခြေထောက်နာနေပါသလား။

ခြေအိတ်ထူထူလေးဝတ်ပြီး ဒေါက်ဖိနပ်စီးထားကာ လေမှုတ်စက်နဲ့ ကြပ်နေတဲ့နေရာတွေကို မှုတ်ပေးလိုက်ပါ။ ပြီးရင် လမ်းအနည်းငယ် လျှောက်ကြည့်လိုက်ပါ။ မိနစ်အနည်းငယ်လောက်ကြာမှ ခြေအိတ်ချွတ်လိုက်ပါ။ စီးရတာ သက်သောင့်သက်သာဖြစ်တာကို တွေ့မြင်ရပါလိမ့်မယ်။

ဆံပင်မပျက်စီးအောင် လေမှုတ်စက်နဲ့ အမြန်အခြောက်ခံတဲ့နည်းလမ်း

အရင်ဆုံး ခေါင်းလျှော်ပြီးသွားတဲ့အခါ ပုံမှန်တဘက်အသုံးပြုမယ့်အစား မိုက်ခရိုဖိုင်ဘာ ပုဝါလေးနဲ့ စိုနေတဲ့ဆံပင်ကို ပတ်ထားလိုက်ပါ။

မိုက်ခရိုဖိုက်ဘာတဘက်မရှိဘူးဆိုရင် ရေစုပ်ယူမှုအားကောင်းတဲ့ တဘက်နဲ့ ရေတွေကို ညှစ်ချလိုက်ပါ။ ဒါဆိုရင် သင့်ဆံကေသာက ၃၀ ရာခိုင်နှုန်းက သဘာဝအတိုင်း ရေခြောက်သွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ ခေါင်းဘီးကို ရိုးရိုးဘီးအသုံးမပြုဘဲ ပုံမှာ ပြထားတဲ့ မိုက်ခရိုဖိုက်ဘာ ဘီးပုံစံမျိုးနဲ့ စိုနေတဲ့ဆံပင်ကို ဖြီးချပြီးမှ ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံလိုက်ပါ။

ဆံပင်ပုံသွင်းတဲ့အခါမှာလည်း ဆံကေသာမပျက်စီးစေဖို့ အပူဒဏ်ကာကွယ်ပေးတဲ့ စပရေးလေးဖြန်းလိုက်ပါ။ ဒါမှ ဆံကေသာ ပျက်စီးကြမ်းတမ်းတာကို ကာကွယ်ပေးနိုင်မှာပါ။ ပြီးမှ Dryer နဲ့ မှုတ်ပေးလိုက်ပါ။

ဆံပင်အခြောက်မြန်စေတဲ့ နောက်တစ်နည်းကတော့ ဆံပင်ကို လေးခြမ်းခွဲထားပြီး ဘဲခေါင်းကလစ်လေးနဲ့ ညှပ်ထားလိုက်ပါ။ ပြီးမှ တစ်ပိုင်းချင်းစီကို လေမှုတ်စက်နဲ့ မှုတ်ပေးလိုက်ပါ။

ဒါ့အပြင် လေမှုတ်စက်ကို ဆံပင်ပုံသွင်းတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။

ဆံပင်အုံထူတဲ့ပုံပေါက်ချင်တယ်ဆိုရင်တော့ ဆံပင်ကို အခုလိုလှန်ပြီး လေမှုတ်ပေးရမှာပါ။

လှပတဲ့ လှိုင်းတွန့်ပုံစံ ဆံပင်စတိုင်လ်လေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆံပင်စိုနေတဲ့အချိန်မှာ ကျစ်ဆံမြီးကျစ်ပြီး လေမှုတ်ပေးလိုက်ပါ။

ဘီးနဲ့ လေမှုတ်စက်တွေ၊ ဆံပင်ဖြောင့်စက်တွေကို တံခါးပေါက်မှာ အခုလိုပဲ ချိတ်ထားပေးလိုက်ပါ။

ဒါမှမဟုတ် ဘီဒိုထဲမှာ အခုလိုတပ်ပြီး ထည့်ထားလို့ရတယ်နော်။

Source: www.cosmopolitan.com

Featured Image Source: Pinterest