ပျိုမေတို့ရဲ့ အနားယူနေတဲ့အချိန်တွေမှာအသားအရေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ Face Mask တွေကိုကပ်တာမျိုးတွေ လုပ်ကြတာများပါတယ်။ Face Mask တွေကဝယ်ရတာလည်းလွယ်ကူလာပြီးအမျိုးအစားစုံလင်စွာထုတ်လုပ်ထားကြတော့ ကိုယ့်အသားအရေနဲ့သင့်တော်တဲ့ Face Mask တွေကိုရွေးချယ်ဝယ်ယူပြီးအသုံးပြုလို့ရတာပေါ့။

Face Mask တွေရဲ့ အကျိုးအာနိသင်ကိုပိုပြီးတော့ထိရောက်ဖို့အတွက် ပြင်ဆင်သင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

သန့်ရှင်းရေးလုပ်ပေးပါ

Face Mask ကိုအသုံးပြုတော့မယ်ဆိုရင် အသုံးမပြုခင်မှာမျက်နှာပြင်တစ်ခုလုံးကိုသန့်စင်အောင်သစ်ပေးဖို့ကအရေးကြီးပါတယ်။ မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မိတ်ကပ်တွေကိုသေချာပြောင်စင်အောင် ဖျက်ပေးပြီးမျက်နှာသစ်ဆေးနဲ့ သေချာနှံ့စပ်အောင် သန့်စင်ပေးဖို့လိုအပ်ပါတယ်။

Mask ရဲ့အသုံးဝင်ပုံတွေကိုသေချာဖတ်ကြည့်ပါ

Source:Stand Up Pouches

အမျိုးမျိုးသော Face Mask တွေကအသုံးဝင်ပုံတွေ ကွဲပြားတာကြောင့် ကိုယ်ဖြစ်ချင်တဲ့အသားအရေမျိုးကို ရရှိနိုင်ရဲ့လားဆိုတာကို Face Mask မှာပါဝင်နေတဲ့ အသုံးဝင်ပုံတွေကို သေချာဖတ်ပေးမှရမှာပဲဖြစ်ပါတယ်။

အနည်းငယ်စမ်းသပ်ကြည့်ပါ

Face Mask တွေကိုအသုံးပြုတော့မယ်ဆိုရင် အသားအရေနဲ့ တည့်မတည့် သေချာစမ်းကြည့်ဖို့လိုပါတယ်။ Face Mask မှာပါတဲ့ အရည်ကိုလက်နဲ့တို့ပြီး မျက်နှာအသားအရေပေါ်မှာ အနည်းငယ်လိမ်းကြည့်လိုက်ပါ။ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ခံစားမှုမျိုး မခံစားရဘူး၊ ဓာတ်မတည့်တာမျိုးတွေ မရှိဘူးဆိုရင်တော့ သင့်အတွက်အသုံးပြုလို့ အဆင်ပြေစေမှာပါ။

သေချာစွာကပ်ထားပါ

Source:FabFitFun

မျက်နှာပေါ်မှာ Face Mask ကိုကပ်တော့မယ်ဆိုရင် Mask ကိုမျက်နှာအသားနဲ့ သေချာနှံ့စပ်အောင် ကပ်ပေးဖို့တော့လိုပါတယ်။ လေခိုနေတာမျိုးတွေမရှိအောင် လက်ချောင်းလေးတွေနဲ့ သေချာလိုက်ပွတ်ပြီး ဖြန့်ပေးလိုက်ပါ။ ဒါမှ Mask ကအသားအရေနဲ့ တိုက်ရိုက်ထိတွေ့ပြီးအကျိုးအာနိသင်ပိုများစေမှာပဲဖြစ်ပါတယ်။

အချိန်မှတ်ထားပါ

Face Mask တွေကိုကပ်တဲ့အခါမှာ အချိန်ကလည်းအရေးကြီးပါတယ်။ ပုံမှန်ကတော့ Face Mask တွေက မိနစ် ၂၀ လောက် အနည်းဆုံးထားရပြီး တစ်ချို့  Face Mask တွေကတော့ မိနစ် ၃၀ လောက်တော့ထားရပါတယ်။ ဒါကြောင့် အချိန်လေးကိုမှတ်ထားပြီး Alarm ပေးထားလိုက်မယ်ဆိုရင် ပိုပြီးတော့အဆင်ပြေမှာပဲဖြစ်ပါတယ်။

ဒီအချက်တွေက Face Mask ကိုပိုပြီးတော့ အကျိုးသက်ရောက်မှုရှိအောင် ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပြီး သင့်အသားအရေကိုလည်း ပိုပြီးတော့လှပစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Face Mask မသုံးခင်မှာ ဒါတွေကိုတော့သိထားဖို့လိုမယ်နော်။