သစ်ကြံပိုးခေါက်ဟာ အိမ်တိုင်းလိုလိုမှာ အသုံးပြုကြတဲ့ ဟင်းခပ်အမွှေးအကြိုင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သူ့မှာ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်တဲ့အပြင် Antioxidants များလည်း ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်ပါတယ်။

ဒီလိုကျန်းမာရေးအတွက် စွယ်စုံအသုံးဝင်တဲ့ သစ်ကြံပိုးခေါက်ဟာ သင့်ရဲ့ အသားအရေအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ အထူးသဖြင့် အသားအရေ မညီမညာဖြစ်သူများ၊ အသားအရေ Glow ချင်သူများအတွက်လည်း အသုံးပြုနိုင်တဲ့သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ် ကြုံတွေ့နေရတဲ့ အသားအရေပြဿနာနဲ့ ပတ်သက်ပြီး သစ်ကြံပိုးခေါက်ကို နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းသုံးနိုင်ပါတယ်။

ဝက်ခြံပေါက်သူများအတွက်

ပျားရည်နှင့် သစ်ကြံပိုးခေါက်ကို ၃ ဆ ၁ ဆစီ ရောနှောကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အိပ်ရာဝင်ခါနီးမှာ မျက်နှာပေါ်တွင် ညီညီညာညာလိမ်းကျံကာ တစ်ညလောက် ပေါင်းတင်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အချိန်ကျမှ မျက်နှာသစ်ပေးလိုက်ပါ။

သစ်ကြံပိုးခေါက်မှာ ဝက်ခြံများကြောင့်ဖြစ်ပေါ်တဲ့ ရောင်ရမ်းခြင်းကို လျော့ချပေးပြီး သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးတဲ့အတွက်ကြောင့် ဝက်ခြံများ တဖြည်းဖြည်း လျော့ပါးသွားပါလိမ့်မယ်။

အသားအရေ ခြောက်သွေ့သူများအတွက်

ကိုယ့်အသားအရေက ကြမ်းတမ်းခြောက်သွေ့နေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်ကို သံလွင်ဆီ အနည်းငယ်နှင့် သမအောင် ရောနှောပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်လောက်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းက သင့်အသားအရေ ရေဓာတ်ဖြည့်တင်းပေးပြီး ပြန်လည်စိုပြေလာအောင် ကူညီပေးပါတယ်။ နှုတ်ခမ်းခြောက်တဲ့အချိန်မှာလည်း ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

အသားအရေ Glow ချင်သူများအတွက်

ငှက်ပျောသီး၊ ဒိန်ချဉ်၊ သံပုယိုရည်၊ သစ်ကြံပိုးခေါက်အမှုန့် စသည်တို့ကို သမအောင် ရောနှောပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ခန့် ပေါင်းတင်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ ကိုရီးယားမလေးတွေလို ကြည်လင်တောက်ပြောင်ပြီး Glow တဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ပါပြီ။