ဗောက်တွေက ဆံပင်နဲ့ပတ်သက်ပြီး တော်တော်များများကြုံနေရတဲ့ အဆိုးဆုံး ပြဿနာတွေထဲက တစ်ခုပါပဲ။

ဗောက်ထလို့ ဦးရေပြားယားရင် လူကြားထဲကုတ်ရတာ တကယ်ရှက်စရာမလို့ စိတ်ညစ်ရတဲ့ဗောက်တွေကို အပြတ်ရှင်းချင်နေတဲ့သူတွေအတွက် မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ Baking Soda ကိုသုံးပြီး ဗောက်ပြဿနာကိုရှင်းနိုင်ဖို့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

သတိထားရမှာက သုံးတဲ့ပမာဏများသွားရင် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေနိုင်တာမလို့ ညွှန်ကြားချက်အတိုင်း ဂရုတစိုက်နဲ့ သုံးမယ်ဆိုရင် Baking Soda က အံ့ဩစရာကောင်းလောက်အောင် သက်သာစေမှာပါ။

Baking Soda And Lemon

Lemon က သံပုရာက ဗောက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ အဆီနဲ့ အညစ်အကြေးတွေကို ပြောင်အောင်ဖယ်ရှားပေးနိုင်ပါတယ်။ Baking Soda ၁ ဇွန်းကို သံပုရာရည်နဲ့ရောပြီး ပျစ်အောင်မွှေပြီးရင် ဦးရေပြားနဲ့ ဆံပင်တွေမှာ လိမ်းပေးပါ။

10 မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ ဆေးပေးပါ။တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ပေးပါ ။

Baking Soda And Apple Cider Vinegar

ပန်းသီးရှာလကာရည်က ဦးရေပြားရဲ့ PH Level ကို ထိန်းပေးနိုင်သလို ဗောက်တွေကို ကုသတဲ့နေရာမှာလည်း ထိရောက်စေပါတယ်။ Baking Soda ၁ ဇွန်းကို Apple Cider Vinegar နဲ့ရောပြီး ပျစ်အောင်မွှေပြီးရင် ဦးရေပြားမှာလိမ်းပြီး နှိပ်ပေးပါ။

ပြီးမှ ရေအေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် လုပ်ပေးပါ ။

Baking Soda And Mint Juice

ပူစီနံက ဆံပင်မှာပိုနေတဲ့အဆီတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ Baking Soda ၁ ဇွန်းကို Mint Juice နဲ့ရောပြီး ပျစ်အောင်မွှေပြီးရင် ဦးရေပြားမှာလိမ်းပြီး အနည်းဆုံး နာရီဝက်ကနေ မိနစ်လေးဆယ်လောက်ထားပေးပါ။ နှိပ်ပေးပါ။

ပြီးမှရေအေးနဲ့ ဆေးပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ပေးပါ ။

Pure Baking Soda Paste

Baking Soda ချည်းဘဲသုံးချင်ရင်တော့ Baking Soda ကို Rose Water နဲ့ရောပြီး ဆံပင်နဲ့ ဦးရေပြားကို လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီးနှိပ်ပေးပါ။ ပြီးမှရေအေးနဲ့ ဆေးပေးပါ။

Baking Soda And Ginger

ဂျင်းက ကျန်းမာရေးအတွက်သာမက ဆံပင်အတွက်လည်း ကောင်းကျိုးတွေအများကြီးရှိတာမလို့ Baking Soda ၁ ဇွန်းကို ဂျင်းရည် နဲ့ သံပုရာရည် နည်းနည်းရောပြီး ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပြီး နှိပ်နယ်ပေးပါ။

မိနစ်နည်းနည်းလောက်ထားပြီးမှ ရေအေးနဲ့ဆေးပါ။

Baking Soda And Coconut Oil

Baking Soda နဲ့ Coconut Oil ကို ပေါင်းလိုက်ရင် ဦးရေပြားယားတာနဲ့ ခြောက်သွေ့တာကို လျော့စေပြီး ဆံသားကို တောက်ပြောင်စေသလို ဗောက်တွေကိုလည်း သက်သာစေပါတယ်။

Baking Soda ၁ ဇွန်း ၊ အုန်းဆီ 1 ဇွန်း ၊ ပျားရည် 1 ဇွန်းကို ပျစ်နေအောင်မွှေပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ် လိမ်းပြီး နာရီဝက်လောက် ထားပေးပါ။ပြီးမှ ရေဆေးချပါ။ တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ပေးပါ ။