ကိုယ်ပျော်ရွှင်နိုင်ဖို့အတွက် တခြားသူဆီကနေ မမျှော်လင့်ပါနဲ့။ ပျော်အောင်ထားပေးမယ့်သူရှိမှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပျော်ရွှင်အောင်ထားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဘာမှမဟုတ်တဲ့ အရာလေးတွေလို့ ထင်နေတာတွေကလည်း ကိုယ့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်ပါတယ်။

ကိုယ်ပျော်တဲ့အရာတွေကိုလုပ်ပါ

ကိုယ်ပျော်တဲ့အရာတွေကို လုပ်နေရရင် လူတိုင်းကပျော်ပါတယ်။ ဒါကြောင့် ကိုယ်ပျော်တဲ့အရာတွေကိုပဲ လုပ်ပါ။ စိတ်ညစ်စရာတွေရှိရင်လည်း ပျော်စရာတွေလုပ်ပြီး ဖယ်ထုတ်လိုက်ပါ။ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို ကြာကြာသိမ်းမထားပါနဲ့။

စာများများဖတ်ပါ

စာဖတ်ရတာကြိုက်တဲ့သူဆိုရင်တော့ စာဖတ်နေရရင် ပျော်မှာပါပဲ။ စာဖတ်လေ့မရှိတဲ့သူဆိုလည်း အကျင့်လုပ်ပြီး ဖတ်ကြည့်ပါ။ စာများများဖတ်ပေးခြင်းက ကိုယ့်ရဲ့အတွေးအခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးနိုင်တယ်၊ ပိုမိုတိုးတက်လာစေပါတယ်။

ကိုယ့်အပေါ်ကောင်းတဲ့သူတွေနဲ့ပဲနေပါ

ကိုယ့်အပေါ်မကောင်းတဲ့သူ၊ ကိုယ့်ကိုမချစ်တဲ့သူတွေနဲ့နေရင် စိတ်ညစ်ရမယ်၊ ဝမ်းနည်းရပါမယ်။ ဒီတော့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေ အနားမှာပဲနေပါ။ သူတို့အပေါ်ပဲ ကိုယ်ကလည်း ပြန်ကောင်းပေးလိုက်ပါ။

ကိုယ့်ကိုယ်ကိုကောင်းမွန်စွာဆက်ဆံပါ

ကိုယ်လိုချင်တာကို ဝယ်လိုက်၊ ကိုယ်စားချင်တာကို ဝယ်စားလိုက်၊ ကိုယ်လုပ်ချင်တာကိုလုပ်လိုက်နဲ့ ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ဆက်ဆံပါ။ ကိုယ်ကြိုးစားထားတာတွေအတွက် ကိုယ့်ကိုယ်ကို ပြန်ဆုချတာမျိုးလေးတွေလည်း လုပ်ပေးပါ။

ဓာတ်ပုံလှလှလေးတွေရိုက်ပါ

ဓာတ်ပုံလှလှလေးတွေရိုက်ပြီး လှတဲ့ပုံလေးတွေထွက်လာရင်လည်း စိတ်ပျော်ရွှင်ရပါတယ်။ ဒါကြောင့် လှလှပပလေးနေပြီး ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ကြည့်ပါ။