နေပူထဲနေတာအချိန်ကြာလို့ပဲဖြစ်ဖြစ်၊ ကမ်းခြေသွားပြီး နေလောင်ကာ Sunburn ဖြစ်လာလို့ပဲဖြစ်ဖြစ် ဒီတိုင်းမထားပါနဲ့။ အသားအရေ အရမ်းပျက်စီးစေပါတယ်။ ဒီလို Sunburn ဖြစ်တာ၊ နီမြန်းတာတွေတွေ သက်သာစေဖို့အတွက်ဆိုရင် အိမ်မှာလုပ်ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ လွယ်လွယ်ကူကူ ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါ။

ရေခဲရေနဲ့ရေချိုးပါ၊ ရေစိမ်ပါ

ရေခဲရေနဲ့ရေချိုးတာမျိုး၊ ရေခဲရေစိမ်တာမျိုးက Sunburn ဖြစ်တာကို သက်သာစေပြီး အသားအရေနီမြန်းပြီး စပ်ဖျင်းဖျင်းဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်လိမ်းပါ

Sunburn ဖြစ်ထားတဲ့အချိန်မှာ Lotion လိမ်းတာ သတိထားရပါမယ်။ ကိုယ်သုံးနေကျ Lotion တွေကို မလိမ်းတော့ပဲနဲ့ ရှားစောင်းလက်ပတ်လိမ်းပေးပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်ဘူးတွေ ရှိပါတယ်။ အဲ့တာတွေလိမ်းပေးတာက အသားအေးစေပြီး Sunburn ဖြစ်တာ၊ အသားအရေနီမြန်းတာတွေကို သက်သာစေပါတယ်။

ရေခဲကပ်ပါ

Sunburn ဖြစ်လာပြီဆိုရင် ချက်ချင်းရေချိုးဖို့လည်း အဆင်မပြေရင် ရေခဲကပ်ပေးလို့ရပါတယ်။ ဒါက အမြန်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်။

Skincare Routine ပြောင်းပါ

မျက်နှာအတွက်ပဲဖြစ်ဖြစ် Body အတွက်ပဲဖြစ်ဖြစ် ကိုယ်သုံးနေကျ Skincare Routine ပြောင်းပါ။ Sunburn ဖြစ်ထားရင် Mind ဖြစ်တာတွေကိုပဲ သုံးပေးသင့်တာပါ။ အဓိကကတော့ Moisturizer သေချာလိမ်းပါ။ Vitamin C ပါတာတွေ၊ Niacinamide ပါတာတွေကို မသုံးပါနဲ့အုံး။ Body အတွက်ဆိုရင်လည်း အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်လိမ်းနေကျ Lotion တွေကို ရပ်ပြီးတော့ ရှားစောင်းလက်ပတ်ဂျယ်လ် လိမ်းတာမျိုး၊ Baby Lotion လိမ်းတာမျိုး လုပ်ပေးပါ။

နေပူထဲထပ်မသွားပါနဲ့

Sunburn ဖြစ်ထားရင် နေပူထဲ အကာအကွယ်မပါပဲ သွားတာမျိုးတွေ ထပ်မလုပ်ပါနဲ့။ အိမ်ထဲမှာပဲနေပါ။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း ချည်သားလက်ရှည်လေးတွေ ဝတ်သွားပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ အသားအရေနီမြန်းယားယံလို့ဆိုပြီး ကုတ်ဖဲ့တာမျိုးတွေလည်း မလုပ်မိပါစေနဲ့။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။