တစ်ခါတလေ ခေါင်းဖြီးရုံ ဒါမှမဟုတ် ဦးရေပြားကို လက်နဲ့ထိရုံနဲ့ အထိမခံနိုင်အောင် ကျိန်းစပ်နေတာမျိုး နာတာမျိုး ခံစားရတတ်ပါတယ်။ ဒီလို ခံစားနေရပြီဆိုရင်တော့ ဦးရေပြားမှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ ဒါဆို ဦးရေပြားနာတာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းအချို့ကို ရှာကြည့်ရအောင်။

ခေါင်းခနခနမလျှော်ပါနဲ့

ခေါင်းအမြဲလျှော်တာက ဦးရေပြားကို ခြောက်သွေ့စေပြီး ရောင်ရမ်းမှုကို ဖြစ်စေတာမလို့ ဦးရေပြားနာတာကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

ပြင်းလွန်းတဲ့ Hair Product တွေမသုံးပါနဲ့

တချို့ Hair Product တွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဆံပင်ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးခံစားရပြီဆိုရင် နာတာတွေ သက်သာသွားတဲ့အထိ မသုံးဘဲ ဦးရေပြားကို အနားယူပေးပါ။

Massage Oil ကိုသုံးပါ

Essential Oils က ဦးရေပြားနာကျင်မှုကို ပျောက်ကင်းစေတဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ Essential Oils ကို ဦးရေပြားမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ ဒါကို 15 မိနစ်နီးပါးထားပြီး နူးညံ့တဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

Medical Supplements သောက်ပေးပါ

သံဓာတ်နဲ့ ဇင့်တို့လို Medical supplements တွေကလည်း ဦးရေပြားနာတာ ဆံပင်ကျွတ်တာတို့ကို သက်သာစေတာမလို့ ဆံပင်အတွက် လိုအပ်တဲ့ Supplements တို့ကို သောက်ပေးပါ။

ဆရာဝန်နဲ့တိုင်ပင်ပါ

အပေါ်က အချက်တွေနဲ့မှ မသက်သာဘူးဆိုရင်တော့ ဦးရေပြားနာတာရဲ့ အဓိကအကြောင်းရင်းကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုခံယူပါ။