မျက်လုံးနားတစ်ဝိုက်က အသားအရေခြောက်သွေ့လာရင် အရေးအကြောင်းတွေ ပေါ်လာပြီး အသားအရေမွဲခြောက်ခြောက်နဲ့ မျက်ကွင်းညိုတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးနားတစ်ဝိုက်က အသားအရေကို ဂရုစိုက်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ မျက်လုံးနားတစ်ဝိုက် အသားအရေခြောက်သွေ့တာကိုတော့ ကုသနိုင်မယ့်နည်းလမ်းတချို့ ရှိပါတယ်။

ကြမ်းတမ်းတဲ့၊ ပြင်းတဲ့ ပစ္စည်းတွေကိုစွန့်ပစ်ပါ

အရမ်းပြင်းတဲ့ Skincare တွေ၊ ကြမ်းတမ်းတဲ့ Skincare တွေစတဲ့ Beauty Product တွေကို စွန့်ပစ်ဖို့လိုပါတယ်။ အဲ့တာတွေသုံးနေရင်တော့ အသားအရေက ပိုမိုခြောက်သွေ့လာပြီး Skin Problem တွေဖြစ်လာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာမျိုးတွေ ဖြစ်စေပါတယ်။

Daily Skincare Routine ကိုလိုက်နာပါ

Skincare သေချာမလိမ်းရင်လည်း မျက်လုံးနားတစ်ဝိုက် အသားအရေကတော့ ပိုပြီးခြောက်သွေ့လာမှာပါပဲ။ အနည်းဆုံးတော့ Daily Skincare Routine ကိုလိုက်နာရပါမယ်။ Toner, Moisturizer, Sunscreen လောက်တော့ မဖြစ်မနေ လိမ်းပေးရပါမယ်။ Moisturizer ကို ရေဓာတ်သေချာဖြည့်ပေးနိုင်တာမျိုး သုံးသင့်ပါတယ်။

Eye Cream လိမ်းပါ

မျက်လုံးနားတစ်ဝိုက်အသားအရေ ပိုမိုကောင်းမွန်လာပြီး အရေးအကြောင်းတွေပေါ်လာတာ၊ မျက်ကွင်းညိုလာတာမျိုးတွေ မဖြစ်အောင် Eye Cream ကိုလည်း ပုံမှန်လိမ်းပေးသင့်ပါတယ်။

Skin Stress ကိုလျှော့ချပါ

 

မျက်လုံးအောက်နားတစ်ဝိုက်ကို ပွတ်တာမျိုး၊ မျက်နှာကို ရေနွေးနဲ့သစ်တာမျိုး၊ မျက်လုံးအောက်နားတစ်ဝိုက်ကို Makeup တွေလိမ်းပြီး သေချာမဖျက်တာမျိုး၊ မသန့်ရှင်းတဲ့ Makeup Brush တွေကိုသုံးတာမျိုးတွေက အသားအရေကို Stress ဖြစ်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် ဒီလိုအချက်တွေကို ရှောင်ရပါမယ်။

အစားအသောက်ကိုပိုအားဖြည့်ပါ

ရေဓာတ်က ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ခြောက်သွေ့တဲ့အသားအရေကိုလည်း သက်သာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ရေများများသောက်ပြီး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးများနဲ့အခွံမာသီးတွေကို များများစားပေးပါ။