အရွယ်ရောက်ပြီးသား သူတွေတောင် တစ်ခုခုကို စိတ်ရှည်ရှည်စောင့်ဖို့ စိတ်မရှည်ကြတာကလေးတွေဆိုလည်း အဲလိုပါပဲ။ ဒါပေမယ့် ကလေးအရွယ် ကတည်းက ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းချုပ်ရမယ်။ ဘယ်လိုစိတ်ရှည်ရှည်နဲ့ စောင့်တတ်အောင် ကြိုးစားရမယ်ဆိုတဲ့ နည်းလမ်းကို ငယ်ငယ်လေးကတည်းက သင်ပေးသင့်ပါတယ်။

ကလေးတွေကို မိဘတွေ အလုပ်ရှုပ်နေချိန်မှာ စိတ်ရှည်ရှည်နဲ့ ဘယ်လိုစောင့်ရမယ်ဆိုတာကို သင်ကြားပေးနည်း (၄) မျိုး

အခုလို သင်ပေးရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သူတစ်ယောက်တည်း ဂိမ်းကစားလို့ရအောင် သင်ပေးပါ။

သင့်ကလေးကို တစ်ယောက်တည်း ကစားတတ်အောင် သင်ပေးပါ။ အမြဲတမ်း ကိုယ်နဲ့ပဲ ကစားမယ်ဆိုပြီး ဂျီကျနေတာမျိုးမဟုတ်ဘဲ သူတို့တစ်ယောက်တည်း ဂိမ်းကစားလို့ရအောင် သင်ပေးလိုက်ပါ။

၂။ အများပြည်သူ သွားလေရာမှာ ဘယ်လို လုံလုံခြုံခြုံနဲ့ ကစားရမယ်ဆိုတာ သင်ပေးပါ

သင်ဈေးဝယ်နေတဲ့အခါ ဒါမှမဟုတ် ဘတ်စ်ကား စီးဖို့ စောင့်တဲ့အခါ စိတ်ရှည်ရှည်နဲ့ စောင့်နိုင်အောင် လူတွေ ထူထပ်နေတဲ့ နေရာမှာ ဘယ်လိုလုံလုံခြုံခြုံ ကစားလို့ရတယ်ဆိုတာ သင်ပေးပါ။ ဖြတ်သွားတဲ့ ကားတွေကို ရေတွက်တာ၊ ပတ်ပတ်လည်မှာရှိနေတဲ့ ဆိုင်းပုဒ်တွေကို ဖတ်တာ၊ ကြော်ငြာတွေကို ဖတ်တာမျိုး သင်ပေးပါ။

၃။ တခြားသူကို မနှောင့်ယှက်ဖို့သင်ပေးပါ

မိဘတွေ ဧည့်သည်တွေနဲ့ စကားပြောနေတဲ့အချိန်၊ ဖုန်းပြောနေတဲ့အချိန်မှာ သင့်ကို နှောင့်ယှက်တာမျိုး သူ့လက်နဲ့ သင့်ပုခုံးကို ခဏခဏ တွန်းတာမျိုး လက်ကို စွဲတာမျိုး ဂျီကျတာမျိုး လုပ်လာတဲ့အခါ ဥပေက္ခာမပြုဘဲ ဘာလို့ မလုပ်သင့်ကြောင်း သေချာရှင်းပြပါ။

၄။ ကလေးတွေ မြင်နိုင်ပြီး နားလည်လွယ်တဲ့ အချိန်ဇယားဆွဲပေးပါ

ကလေးတွေအတွက် တစ်ယောက်တည်း လုပ်တတ်အောင် ဘယ်အချိန်မှာ မျက်နှာသစ် ၊ သွားတိုက်ရမယ်။ ဘယ်အချိန်မှာ အိမ်စာလုပ်ရမယ်။ ဘယ်အချိန်မှာ စားရမယ်။ ကစားရမယ်။ အိပ်ရမယ်။စသဖြင့် တစ်နေ့တာ အချိန်ဇယားတွေကို မြင်နိုင်တဲ့နေရာမှာ ချစ်စရာကောင်းတဲ့ ရောင်စုံ ကားချပ်လေးတွေနဲ့ မြင်နိုင်တဲ့နေရာမှာ ချိတ်ထားပေးပါ။ ကလေးတွေကို အချိန်လေးစားတတ်အောင်နဲ့ တစ်ယောက်တည်း လုပ်နိုင်အောင် အကျင့်လုပ်ပေးပါ။