ဆံပင်တိုတဲ့သူတွေတောင် ဆံပင်ထူထူ အုတ်အုတ်လေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဆံပင်ပါးတဲ့သူတွေအတွက်က ဆံပင်ပိုထူအောင် လုပ်ဖို့ ခက်ခဲနေတတ်ပါတယ်။ ဆံပင်ခဏခဏ ကျွတ်ရင်လည်း ဆံပင်ပါးလာနိုင်ပါတယ်။ သင်က ဆံပင်အုံထူချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ ဆံပင်အလွှာပုံစံ ညှပ်ပေးပါ

ဆံပင်ပါးနေတဲ့အချိန် ထူတဲ့ပုံစံ ပေါ်အောင် ပြုလုပ်ပေးနိုင်တဲ့ အရာကတော့ ဆံပင်အလွှာပုံစံ ညှပ်ပေးတာပါ။ အလွှာလိုက် ညှပ်လိုက်တဲ့အခါ ဆံသားကို ရှုထောင့်အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး မြင်ရစေပြီး ထူသွားစေပါတယ်။

၂။ ပုံမှန်ခေါင်းလျှော်ပါ

ခေါင်းမလျှော်တာ ကြာတဲ့အခါ ဆံပင်အဆီ ထွက်ပြီး ဆံသား ပိုပြားသွားစေပါတယ်။ ခေါင်းမကြာခဏ လျှော်ပေးတဲ့အခါ ဆံသားကို ပေါ့ပါးသွက်လက်စေပြီး ဆံပင်ပိုထူတယ် ထင်ရစေပါတယ်။

၃။ Dry Shampoo

Dry Shampoo ရဲ့ အကျိုးကျေးဇူးကတော့ ထွက်လာတဲ့ ခေါင်းအဆီတွေကို စုပ်ယူပြီး ဆံသားကို ပေါ့ပါးစေတာပါ။ ခေါင်းမလျှော်တာ ကြာတဲ့အခါ ဆံပင်အလေးချိန် ပိုစီးစေပါတယ်။ ဒီလိုအချိန် Dry Shampoo ကို လိုအပ်ပါတယ်။

၄။ နောက်ပြန်လှန်တဲ့ Blowout

ဆံပင်ညှပ်ဆိုင်တွေက လုပ်ပေးတဲ့ ဆံပင်ဖွထားတဲ့ Blowout စတိုင်ကို သင်သဘောကျမှာပါ။ ဆံပင်ကို နောက်ပြန်လှန်ပြီး အနည်းငယ်ကောက်ပေးတာက ဆံပင်ပိုထူတယ် ထင်ရစေပါတယ်။

၅။ ပုံမှန်တိပေးပါ

ဆံပင်က ညှပ်ပြီး ၆ ပတ်ကနေ ၈ ပတ် ကြာပြီးနောက် ပြားသွားတတ်ပါတယ်။ ဒီလိုပုံမပျက်ရအောင် ပုံမှန်တိပေးဖို့ လိုအပ်ပါတယ်။

၆။ ဆံပင်ပါးသူတွေအတွက်

ဆံပင်ပါးသူတွေအနေနဲ့ အုံထူတယ် ထင်စေချင်ရင် ဆံပင်အားဖြည့်ဆေးတွေ သောက်တာ၊ ပုံမှန်ထိန်းသိမ်းတာတွေ ပြုလုပ်သင့်ပါတယ်။ Hair Extension ကလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုပါပဲ။

Photo Source: Pinterest

By MyStyle Myanmar