နေပူထဲသွားတဲ့အခါမှာ နေရောင်ခြည်က ဆံသားကိုတိုက်ရိုက်ထိတာ အရမ်းများလာရင် ဆံသားပျက်စီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Beach တွေသွားတဲ့အခါမျိုးမှာဆိုလည်း ဆံသားကို နေရောင်က အကြာကြီးထိတဲ့အတွက် ဆံသားပျက်စီးစေပါတယ်။ ဒီလို နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဦးထုပ်ဆောင်းပါ

နေပူထဲကိုသွားတဲ့အခါမှာ ဦးထုပ်ဆောင်းသွားမယ်ဆိုရင် နေရောင်ခြည်က ဆံသားကို တိုက်ရိုက်မထိတွေ့တော့ပါဘူး။ ဦးထုပ်မဆောင်းဖြစ်ရင်တောင်မှ ထီးတော့ဆောင်းပေးရပါမယ်။ ဘာအကာအကွယ်မှမပါပဲ သွားမယ်ဆိုရင်တော့ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာမျိုးတွေ ဖြစ်လာမှာပါ။

Sunscreen, Sun Spray သုံးပါ

နေပူထဲသွားစရာရှိတယ် နေပြင်းနေတယ်ဆိုရင် face & body ကို sunscreen လိမ်းသလိုပဲ ဆံသားကိုလည်း sunscreen, sun spray တွေ သုံးပေးပါ။ ဒီလိုကြိုတင်ကာကွယ်ခြင်းက နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာမျိုးမဖြစ်စေပါဘူး။

Hair mask သုံးပါ

ဆံသားကို နေရောင်ခြည်ထိတာများရင် ဆံသားခြောက်သွေ့ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် hair mask သုံးပေးဖို့ လိုပါတယ်။ Hair mask သုံးပေးခြင်းက ဆံသားအတွက်လိုအပ်တဲ့ hydrate, moisturize ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် hair mask သုံးပေးပါ။

Conditioner အမြဲသုံးပါ

ခေါင်းလျှော်တိုင်းမှာ conditioner ကို အမြဲသုံးပေးခြင်းက ဆံသားအတွက်ကောင်းသလို၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားခြောက်သွေ့ ပျက်စီးတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

အပူရှောင်ပါ

ဆံသားကို နေရောင်ခြည်ထိတာများပြီး ဆံသားပျက်စီးနေပြီဆိုရင် အပေါ်ကအချက်တွေကို သေချာလုပ်ပေးပါ။ ပြီးရင်တော့ နောက်ထပ်ရှောင်ရမှာက အပူနဲ့ပတ်သက်တဲ့ အပူချောင်းတွေ၊ လိပ်စက်၊ ကောက်စက်၊ ဖြောင့်စက်၊ hair dryer စတာတွေကို ရှောင်ပေးပါ။