အားလုံးပဲ့ မဂ်လာပါနော်..တစ်ခါတစ်ရံမှာ လူတိုင်းလိုလို မသေချာ မရေရာတဲ့စိတ်ရှိတတ်ကြပါတယ်။ ကိုယ်လုပ်တာ မှန်ရဲ့လား။ ဒါနဲ့ပတ်သက်ပြီး သူများတွေ ငါ့ကို ဘယ်လိုထင်သွားကြမလဲ ဘယ်လိုတွေပြောလောက်လဲတို့ဆိုတဲ့တွေဝေမှုတွေ ရှိတတ်ကြပါတယ်။ တခြားသူတွေရဲ့အထင်အမြင်တွေကို သိပ်ဂရုစိုက်သူဟာ ရိုလာကိုစတာစီးနေတဲ့စိတ်နဲ့ နေရသလိုပါပဲ့နော်။

အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ စိတ်မချရတာကြောင့် ပျော်သင့်သလောက် မပျော်နိုင်ဖြစ်ပါတယ်။ ဒါကြောင့် လူတွေရဲ့အမြင်တိုင်းကို ဂရုစိုက်နေမိတာကို ဘယ်လိုရပ်တန့်ပစ်သင့်သလဲဆိုတဲ့ အကြံပြုချက်တချို့ကို ဝေမျှပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်နိုင်မယ့်Lifestyle တစ်ခု ရယူတည်ဆောက်ပါ

ဘယ်သူ့ကိုမှ ပုံတူကူးချစ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်နိုင်မယ့်ဘဝမျိုးနဲ့ပဲ့ နေထိုင်ပါ။ ကိုယ်နဲ့ ကိုက်ညီမယ့်ဝါသနာလေးတွေ မွေးမြူပေးပါ။ ကိုယ့်အတွက် အကျိုးရှိမယ့် အကျင့်လေးတွေ (အားကစားလုပ်တာ ၊ တရားထိုင်တာ ၊ စာရေးတာ) လုပ်ပါ။ အရေးကြီးတာ ကိုယ့်ကိုယ်ကိုယ် တကယ်ကျေနပ်နေဖို့ပါပဲ။

ငြင်းဆန်တတ်ပါစေ

ဘယ်လိုအကျင့်လဲဆိုရင် သူများတွေ ခေါင်းငြိမ့်တဲ့ကိစ္စတွေမှပဲ လိုက်လုပ်တော့မယ်လို့ တွေးထားတဲ့အတွေးကိုဖမ်းပြီး လွှတ်ပစ်တဲ့အကျင့်ပါ။ လူတွေက သင့်ကို ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား။ ဟိုလိုနေပါ့လား ဒီလိုနေပါ့လား လာပြီးပြောတဲ့အခါ ကိုယ်နဲ့အဆင်မပြေရင် ဟင့်အင်းလုပ်ဖို့ မခက်ပါစေနဲ့။

တခြားသူရဲ့အမြင်က အရေးမကြီးဘူးဆိုတာ နားလည်ပါ

တခြားသူတွေရဲ့ အမြင်ဆိုတာ သိပ်အ‌ရေးမပါပါဘူး။ လူအများစုဟာ တစ်ခုမဟုတ် တစ်ခုတော့ ဝေဖန်မှ နေသာကြတာ ဖြစ်ပါတယ်။ ဒီတော့ ဘာလို့ အလေးအနက်ကြီး ထားရမလဲလို့ တွေးကြည့်ပါ။ ဘာအတွက်မှ အလေးအနက်ထားစရာ မရှိပါဘူး။ လူတွေဟာ ခင်ဗျားဘာဝတ်လာသလဲကနေ ဘာအလုပ်လုပ်သလဲအထိ စပ်စုချင်စိတ်တွေ ရှိပါတယ်။