တစ်စုံတစ်ယောက်ကို သတိရနေတဲ့စိတ်ကလည်း ပူလောင်ရတာပါပဲ။ ပျော်စရာရှိရင်တောင်မှ သတိရတဲ့စိတ်တွေဝင်လာရင် စိတ်ညစ်လာတာ၊ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်တာတွေ ဖြစ်လာပါတယ်။ ဘယ်လိုနေနေ ပျော်စရာမကောင်းတော့တဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို သတိရနေတဲ့စိတ်ကို ရပ်တန့်ပစ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

တွေးစရာအချိန်မရှိအောင်တစ်ခုခုလုပ်ပါ

အားနေရင် တွေးပြီး သတိရနေမိမှာဆိုတော့ မအားအောင်နေရပါမယ်။ တစ်ခုခုလုပ်နေပါ။ စာဖတ်တာပဲဖြစ်ဖြစ်၊ အိမ်အလုပ်လုပ်တာပဲဖြစ်ဖြစ် လုပ်စရာမရှိလည်း တစ်ခုခုရှာကြံပြီးသာ လုပ်နေလိုက်ပါ။

ရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ကြည့်နေရင် ရုပ်ရှင်ထဲစိတ်ဝင်စားနေတဲ့အတွက် တခြားအရာတွေကို မတွေးမိတော့လို့ သတိရစိတ်တွေလည်း မေ့ပျောက်နေပါလိမ့်မယ်။ ခဏတာ သတိရတဲ့စိတ်တွေကို ရပ်တန့်ပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်။

အပြင်သွားပါ

တစ်ယောက်ထဲဖြစ်နေရင်၊ အားနေရင် သတိရတဲ့စိတ်က ပိုဖြစ်စေပါတယ်။ ဒါကြောင့် အပြင်သွားပါ။ သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုနဲ့ Date လုပ်ပါ။ အပြင်လျှောက်လည်တာ၊ မုန့်ထွက်စားတာတွေ လုပ်ပေးပါ။

ဝါသနာပါတာလုပ်ပါ

ကိုယ်ဝါသနာပါတဲ့အရာတွေကို စတင်လုပ်ဆောင်ကြည့်ရင်းနဲ့ စိတ်သစ်လူသစ်ဖြစ်အောင် ပြောင်းလဲနေကြည့်ပါ။ ကိုယ်ဝါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာတွေအပေါ်မှာ စိတ်နှစ်လုပ်ကြည့်ရင်းနဲ့ သတိရစိတ်တွေကို ရပ်တန့်ပစ်နိုင်ပါတယ်။

Social Media သုံးတာလျှော့ပါ

Social media သုံးရင် သတိရတဲ့သူရဲ့ Wall ကို ခဏခဏဝင်ကြည့်မိပြီး သူနဲ့ပတ်သက်တာတွေကို ရှာဖွေနေမိမှာပါ။ သူ့အကြောင်းတွေကို သိချင်စိတ်ဖြစ်ပြီး စုံစမ်းနေမှာပါ။ ဒီတော့ Social media သုံးတာကိုလျှော့ချပါ။ Social media သုံးမယ့်အစား ရုပ်ရှင်ကြည့်တာ၊ Game ဆော့တာတွေ လုပ်တာက ပိုကောင်းပါတယ်။