စိုးရိမ်ပူပန်လွန်းတာ ၊ အတွေးလွန်တာတွေက လူ့အတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် သတိမထားမိရင် ကြာလာတဲ့အခါ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ဒီတော့ အတွေးလွန်နေတာကို ဘယ်လိုရပ်တန့်မလဲ ?

မအားအောင်လုပ်ပါ

သင်သဘောကျတဲ့ လှုပ်ရှားမှုတစ်ခုခုမှာ ကိုယ်တိုင်ပါဝင်ပြီး အတွေးလွန်နေခြင်းကို ရပ်တန့်လိုက်ပါ။ အကြိုက်ဆုံး လေ့ကျင့်ခန်းအတန်းကို သွားတာ ၊ ပန်းချီဆွဲတာ ၊ ဝါသနာအသစ်ကို စမ်းကြည့်တာမျိုး လုပ်ပါ။

အသက်ပြင်းပြင်းရှူပါ

အဲဒါကို အကြိမ်တစ်သန်းလောက် ကြားဖူးပေမယ့် အဲဒါက အလုပ်ဖြစ်တာကြောင့်ပါ။ အတွေးတွေကို လှန်ပစ်ပြီး မျက်လုံးကိုမှိတ်ပြီး အသက်ပြင်းပြင်းရှူပါ။

တရားထိုင်ပါ

ပုံမှန်တရားထိုင်တဲ့ အလေ့အကျင့်ကို လုပ်ပေးတာက စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ အထောက်အကူပြုတာမလို့ အတွေးလွန်တာမျိုးကိုလည်း လျော့ချပေးပါတယ်။

အကုန်လိုက်မတွေးပါနဲ့

စိတ်ထဲမှာ ပျံ့လွင့်နေတဲ့ ပြဿနာတွေအားလုံးက 5 နှစ် ဒါမှမဟုတ် 10 နှစ်အတွင်းမှာ သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို သေချာစဥ်းစားပါ။ အသေးအမွှားကိစ္စတွေကို လိုက်မခံစားပါနဲ့။

ပစ္စုပ္ပန်မှာနေပါ

အတိတ်ကပြန်တွေးပြီး စိတ်ညစ်ခံမယ့်အစား လက်ရှိကိုတွေးပါ။ လက်ရှိအခိုက်အတန့်မှာ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။