အတွေးလွန်ခြင်းက အချစ်ရေးနဲ့ပတ်သက်လာရင် ပိုပြီးဖြစ်ကြတာ သဘာဝပါပဲ။ အစထဲက Overthinking သမားတွေဆို ပိုဆိုးပါတယ်။ အတွေးလွန်ရင် ကိုယ်ပဲစိတ်ပင်ပန်းရပြီး မလိုလားအပ်တဲ့ ပြဿနာတွေလည်း ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Relationship နဲ့ပတ်သက်ပြီး အတွေးလွန်ခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အတိတ်ကိုပြန်တွေးတာမျိုးလုံးဝမလုပ်ပါနဲ့

အတွေးလွန်ခြင်းကို စဖြစ်စေတဲ့ အကြောင်းအရင်းက ဖြစ်ပြီးသားအတိတ်တွေကို ပြန်တွေးနေတာပါပဲ။ ပြန်ပြင်လို့မရတဲ့အတိတ်တွေကို ပြန်တွေးပြီး စိတ်ညစ်ခံနေမယ့်အစား လက်ရှိကိုပဲ ပျော်အောင်နေရမှာပါ။ ပြဿနာတစ်ခုခုဖြစ်လာတိုင်း အတိတ်ကိုပြန်ပြောပြီး ရန်ဖြစ်ကြတာ၊ အတိတ်ကိုပြန်တွေးပြီး အတွေးလွန်နေကြတာတွေကြောင့် ရရှိလာတာက စိတ်ဆင်းရဲမှုတွေပါပဲ။ ဒါကြောင့် အတိတ်ကိုပြန်တွေးတတ်တဲ့ အကျင့်ကိုသာ ဖျောက်လိုက်ရင် အတွေးလွန်ခြင်းကလည်း တဖြေးဖြေးနဲ့ လျော့ကျလာပါလိမ့်မယ်။

ရင်ဖွင့်လို့ရမယ့်သူနဲ့စကားပြောပါ

တစ်ယောက်ထဲနေရင် ပိုပြီးတွေးဖြစ်ကြပါတယ်။ ဒါကြောင့် တွေးရင်းနဲ့ အတွေးလွန်တာမျိုးတွေ မဖြစ်အောင် တစ်ခုခုဆိုရင် ရင်ဖွင့်လို့ရတဲ့သူ ကိုယ့်အပေါ်နားလည်ပေးတဲ့သူဆီကို ရင်ဖွင့်ပါ။ ပြောပြပါ။ တိုင်ပင်ပါ။

ကိုယ့်ချစ်သူနဲ့စကားပြောပါ

Relationship ကြောင့် အတွေးလွန်ခြင်းတွေ မဖြစ်ရလေအောင် တစ်ခုခုဆိုရင် ကိုယ့်ချစ်သူနဲ့ အမြဲစကားပြောပါ။ ပွင့်လင်းပါ။ တစ်ယောက်ထဲ ကြိတ်တွေးပြီး မေးခွန်းတွေထုတ်နေမယ့်အစား ဒဲ့မေးပြီး စကားပြောတာမျိုးတွေလုပ်တာက ပိုကောင်းပါတယ်။

အကောင်းတွေပဲများများတွေးပါ

အတွေးလွန်ရင် အဆိုးဘက်ကိုပဲ တွေးကြတာပါ။ ဒီတော့ အတွေးလွန်တာမျိုးတွေ မဖြစ်အောင် တစ်ခုခုဆိုရင် အကောင်းဘက်ကို အရင်တွေးပါ။ အကောင်းပဲများများတွေးပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

လက်ရှိကိုပဲ Focus ထားပါ

အတိတ်တွေ၊ တခြားအရာတွေကို အာရုံရောက်ပြီး အတွေးလွန်နေမယ့်အစား ကိုယ့်လက်ရှိကိုပဲ Focus ထားပြီး ဘယ်လိုအဆင်ပြေအောင်နေမလဲ၊ ဘယ်လိုပျော်ရွှင်အောင် နေမလဲဆိုတာပဲ စဉ်းစားပါ။ လက်ရှိမှာ ကိုယ်လုပ်စရာရှိတာတွေလုပ်၊ ပျော်စရာရှိတာပျော်ပြီး ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းလိုက်ပါ။ အများကြီးတွေးမနေပါနဲ့။