ကိုယ်စွဲလမ်းနေတဲ့သူက ကိုယ့်အပေါ်လည်း ကောင်းတဲ့သူ၊ ကိုယ့်အပေါ်မှာလည်း ချစ်တဲ့သူဆိုရင်တော့ စွဲလမ်းမှုက ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်စွဲလမ်းနေတဲ့သူက ကိုယ့်အပေါ်မကောင်းတဲ့သူ၊ ကိုယ့်အပေါ်မှာလည်း စိတ်မဝင်စားပဲ မချစ်တဲ့သူဆိုရင်တော့ ကိုယ်ပဲအမြဲတမ်း နာကျင်ခံစားနေရမှာပါ။ ဒါကြောင့် ဒီလို တစ်စုံတစ်ယောက်အပေါ်မှာ စွဲလမ်းမှုဖြစ်နေတာကို ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အတွေးထဲမရောက်အောင်ကြိုးစားပါ

အတွေးထဲမှာအမြဲရှိနေသရွေ့ကတော့ စွဲလမ်းမှုကို မရပ်တန့်နိုင်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် အတွေးထဲမရောက်အောင် ကြိုးစားရပါမယ်။ အတွေးထဲရောက်လာရင် အာရုံပြောင်းပြီး တစ်ခုခုလုပ်နေလိုက်ပါ။ သူ့အကြောင်းတွေကို မေ့နိုင်အောင်လို့ ပတ်သက်သမျှတွေကိုလည်း ဖျက်စီးလိုက်ပါ။

သူမရှိပဲတစ်ယောက်ထဲရပ်တည်ကြည့်ပါ

သူမရှိလို့မဖြစ်ဘူးဆိုပြီး သူနဲ့မှသွားချင်လာချင်တာ၊ သူနဲ့ပဲနေချင်တာမျိုး လုပ်နေမယ်ဆိုရင်တော့ တစ်နေ့ထက်တစ်နေ့ ပိုစွဲလမ်းပြီး ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူမရှိပဲတစ်ယောက်ထဲလည်း ရပ်တည်နိုင်အောင်လို့ အရာရာကို တစ်ယောက်ထဲလုပ်ကြည့်ပါ။ တစ်ယောက်ထဲနေကြည့်ပါ။ အစပိုင်းတော့ ခက်ခဲပေမယ့်လည်း ကြာလာတဲ့အခါ အကျင့်ဖြစ်ပြီး အဆင်ပြေသွားမှာပါ။

တခြားအရာမှာအာရုံစိုက်ထားလိုက်ပါ

သူ့အကြောင်းတွေမတွေးမိအောင် တခြားမှာ အာရုံပြောင်းထားလိုက်ပါ။ တခြားအရာတွေကိုလုပ်ပြီး အာရုံကိုတခြားမှာ ပြောင်းထားလိုက်တာမျိုး၊ စိတ်တည်ငြိမ်အောင် တစ်ခုခုလုပ်တာမျိုး၊ တွေးနေချိန်မရှိအောင်၊ ခံစားနေချိန်မရှိအောင် မအားအောင်နေတာမျိုးတွေ လုပ်ပြီးတော့လည်း တစ်စုံတစ်ယောက်အပေါ်မှာ စွဲလမ်းနေတဲ့စိတ်ကို ရပ်တန့်ပစ်နိုင်ပါတယ်။

ကိုယ့်အတွက်ပျော်ရွှင်မှုကိုထပ်မံရှာဖွေကြည့်ပါ

ကိုယ့်အတွက် ပျော်ရွှင်မှုကို ထပ်မံရှာဖွေကြည့်ပါ။ ကိုယ့်အတွက်ပျော်ရွှင်မှုသာ တွေ့သွားရင် အဲ့အရာအပေါ်မှာ ခုံမင်လာပြီးတော့ ကိုယ်စွဲလမ်းနေမိတဲ့သူကိုလည်း အေးအေးဆေးဆေး လက်လွှတ်နိုင်လာပါလိမ့်မယ်။ ပျော်ရွှင်ရမယ့်အရာတွေကိုပဲ ရွေးချယ်ပြီး ကိုယ်စိတ်ဆင်းရဲရမယ့် အရာတွေကို လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

တက်ကြွစွာနေထိုင်ပါ

နေ့တိုင်း ထိုင်းမှိုင်းပြီး ပူဆွေးနေမယ့်အစား တက်တက်ကြွကြွနဲ့ ပျော်ပျော်နေပြီး လုပ်ချင်တာတွေ လုပ်ပစ်လိုက်ပါ။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လျှောက်သွားပြီး စိတ်လွတ်ကိုယ်လွတ် နေပစ်လိုက်ပါ။ ဒီနည်းလမ်းကလည်း တစ်စုံတစ်ယောက်အပေါ်မှာ စွဲလမ်းမှုဖြစ်နေတာကို ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုပါပဲ။