တစ်နေ့ တစ်နေ့ ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံနွယ်တွေကို ခေါင်းဖြီးတစ်လက်နဲ့ ဖြေရှင်းနေရင်းနဲ့ အချိန်ကုန်ဆုံးနေရပါသလား? ဒါကြောင့် ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းနေလို့ ဆံပင်ရှင်းနေရတာနဲ့ အချိန်ကုန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

သင့်ဦးရေပြားမှာ အဆီမရှိတာခြင်းကြောင့် ဆံပင်အမြစ်လေးတွေ ထိခိုက်ပျက်စီးခြင်းရပြီး အဲဒီကနေတဆင့် ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းလာရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးရေပြားနဲ့ ဆံပင်အမြစ်လေးတွေ သန်စွမ်းနေဖို့လိုအပ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်သလို ကာဘွန်ဟိုက်ဒရိတ်နဲ့ အဆီပါဝင်ပါတယ်။ ဒါ့ကြောင့် ဆံကေသာကို သန်စွမ်းစေပြီး ခြောက်သွေ့ကြမ်းတမ်းမှု ကင်းစေပါတယ်။

ငှက်ပျောသီးမှည့် ၂ လုံးကို ပျားရည် နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းဆီရောပြီး သေချာမွှေလိုက်ပါ။ အဲဒီနောက် ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

အုန်းဆီ

အုန်းဆီဟာလည်း ဦးရေပြားကို အဆီဓာတ်ဖြည့်တင်းပေးပြီး ဆံကေသာကို နူးညံ့ ချောမွေ့ သန်စွမ်းစေပါတယ်။ သင့်ဆံပင် အထူအပါးပေါ်မူတည်ပြီး အုန်းဆီနဲ့ အုန်းနို့ကို ဆတူရောလိုက်ပါ။ ပြီးရင် ဦးရေပြား ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားထားပါ။ အဲဒီနောက် ခေါင်းလျှော်ရည်ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

သံပယိုရည်

ဆံကေသာ ခြောက်သွေ့ ကြမ်းတမ်းနေရင် ဆိုဒါ ၁ ခွက် နဲ့ သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၄ ဇွန်းထိထည့်ပြီး ဦးရေပြား ဆံပင်အရင်းကနေ အဖျားထိ စိုစွတ်သွားအောင် လုပ်လိုက်ပါ။ ပြီးရင် ရေဆေးချပေးလိုက်ပါ။ ဗောက်ကိုပါ သက်သာစေပါတယ်။