တစ်ခါတစ်လေ စိတ်တွေရှုပ်ထွေးနေပြီး ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့တာမျိုး လူတိုင်း ကြုံဖူးကြမှာပါ။  ။ ဒီလိုအချိန် ဘာလုပ်လုပ်အဆင်မပြေတဲ့အခါမျိုးမှာ အနားယူဖို့ လိုအပ်ပါတယ်။ အနားယူပြီး ရင်တော့ ဘဝရဲ့ ရှုပ်ထွေးမှုတွေကို ရပ်တန့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်နေထိုင်နိုင်ဖို့အတွက်  ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် စိတ်ညစ်စရာ တွေထဲက ရုန်းထွက်ပြီး ပျော်ရွှင်တဲ့ဘဝကို စတင်နိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ရိုးသားစွာနေထိုင်ပါ

ကိုယ်ကျင့်တရားနဲ့ နေထိုင်ပါ။ ကိုယ်ကျင့်တရားမဲ့စွာနေထို်င်တာက ဘဝကိုရှုပ်ထွေးစေပြီး အမြဲစိုးရိမ် ပူပန် နေရတတ်ပါတယ်။ ဒါကြောင့် သူများတွေအပေါ် ကြင်နာပြီး ဘဝကို ရိုးရိုးသားသား  ဖြတ်သန်းပါ။

ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံပါ။

အလုပ်ကိစ္စဘဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအတွက်ဘဲဖြစ်ဖြစ် စကားပြောကြတဲ့အခါ ပြောတဲ့အရာက မရှင်းဘူးဆိုရင် အဓိပ္ပာယ်လွဲမှားပြီး ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ရှင်းရှင်းလင်းလင်း ပြောဆို တတ်အောင် ပုံမှန်လေး လေ့ကျင့်သင့်ပါတယ်။

လူတွေကို ပြောင်းလဲဖို့ အချိန်မဖြုန်းပါနဲ့

သင့်ပတ်ဝန်းကျင်ကလူတွေကို ပြောင်းလဲဖို့ ကြိုးစားရင်း အချိန်ကုန်နေပြီလား ? သင့်ရဲ့ ကြိုးစာမှုကို သူတို့တန်ဖိုးထားမှာမဟုတ်ဘူးလို့ သေချာပေါက်ပြောရဲပါတယ်။ ဒါကြောင့် လူတွေကို ပြောင်းလဲဖို့ ကြိုးစား နေမယ့်အစား သူတို့ရဲ့အရှိအတိုင်းကို လက်ခံလို်က်ပါ။

Toxic ဖြစ်စေတဲ့လူတွေကိုရှောင်ပါ

Toxic ဖြစ်တဲ့လူတွေနဲ့ ပေါင်းမိရင် ကြီးလေးတဲ့နောင်တတွေနဲ့ ဘဝက မြန်မြန် အဆုံးသတ်သွားနိုင် တယ်။ ဒါကြောင့် သင့်ရဲ့လူမှုအသိုင်းအဝိုင်းထဲမှာ ပေါင်းသင်း ဆက်ဆံတော့ မယ်ဆို ထက်မြက်ပြီး ရင့်ကျက်တဲ့သူတို့ ကြင်နာတတ်သူတို့ကို ရွေးချယ်သင့်ပါတယ်။

ငြင်းတတ်အောင်ကြိုးစားပါ

လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာမှာဘဲဖြစ်ဖြစ် အရာရာတိုင်းကို သင်မလုပ်နိုင်တဲ့အခါ ငြင်းတတ်အောင် ကြိုးစားပါ။ မလုပ်နိုင်တာကို အားနာလို့ဘဲဖြစ်ဖြစ် မကောင်း တတ်လို့ဘဲဖြစ်ဖြစ် မငြင်းမိဘဲ လက်ခံပြီးခါမှ လုပ်လို့အဆင်မပြေတဲ့အခါ သင်ဘဲစိတ်ဆင်းရဲရမှာပါ။ ဒါကြောင့် သင်တကယ် အချိန်ဖြုန်းလိုတဲ့လူတွေနဲ့ အခွင့်အလမ်းတွေအပေါ် အာရုံစိုက်နိုင်စေဖို့ ငြင်းဖို့လိုအပ်တဲ့အခါ အားမနာဘဲ ငြင်းလိုက်ပါ။ ဒါဆို သင်လုပ်ချင်တဲ့အရာတွေကို လုပ်နေနိုင်ပြီမလို့ သင့်ကို ပိုပျော်ရွှင်ဖို့ ကူညီပေးပါလိမ့်မယ်။