တချို့က အရမ်းချုပ်ချယ်တတ်တဲ့အပြင် လူတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျဖြစ်လာဖို့အတွက်ပါ control လုပ်တတ်ကြပါတယ်။ ဒီလို control လုပ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ toxic relationship ဖြစ်လာပြီး ပြတ်ဆဲကုန်ကြတာပါပဲ။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မှာ အရမ်း control လုပ်ချင်နေတဲ့စိတ်ကို ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။
ယုံကြည်မှုထားပါ
ကိုယ့်ချစ်သူအပေါ်မှာသာ ယုံကြည်မှုအပြည့်အဝရှိနေရင် ချုပ်ချယ်တာတွေလည်း ရှိလာမှမဟုတ်ပါဘူး။ ယုံကြည်မှုမရှိရင် တစ်ခုခုကို စိုးရိမ်စိတ်တွေနဲ့ ချုပ်ချယ်မယ်၊ အရာရာကို တွေးပူပြီး control လုပ်ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။
ညှိုနှိုင်းပါ
တစ်ယောက်နဲ့တစ်ယောက် သေချာညှိုနှိုင်းဖို့လိုပါတယ်။ မကြိုက်တာတွေကိုပြောထားပြီး လက်ခံနိုင်မလား၊ ဆင်ခြင်နိုင်မလား စသဖြင့် ညှိုနှိုင်းထားရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဒီလိုဆိုရင် အရမ်း control လုပ်နေတာတွေလည်း လျော့နည်းလာပါလိမ့်မယ်။
ကိုယ်ချင်းစာစိတ်ထားပါ
ကိုယ့်ကိုချုပ်ချယ်ရင်ကောကြိုက်မလား၊ ကိုယ့်စိတ်နဲ့ကိုယ်မနေရပဲ သူများစိတ်နဲ့အသက်ရှင်နေရသလို အရာရာကို သူများစိတ်ကြိုက်လိုက်နေပေးရရင် ကိုယ်တိုင်ကောကြိုက်မလား၊ အဆင်မပြေနိုင်မလားဆိုပြီး စဉ်းစားပါ။ ကိုယ်ချင်းစာစိတ်ထားပြီး ကိုယ့်ဖက်သူ့ဖက်မျှတွေးပေးပါ။ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လိုချင်တာတွေကိုပဲ သိနေမယ်ဆိုရင်တော့ ဒီ relationship မှာ toxic ဆန်နေတာက ကိုယ်တိုင်ဖြစ်နေပါပြီ။
အတွေးမများပါနဲ့
အတွေးတွေများပြီး overthinking ဖြစ်နေရင် မယုံကြည်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေများလာပြီး အရာရာကို ချုပ်ချယ်ချင်လာမယ်၊ control လုပ်ပြီး ကိုယ့်စိတ်တိုင်းကျ ဖြစ်အောင်လုပ်ချင်စိတ်တွေ များလာပါလိမ့်မယ်။ ဒါကြောင့် အရမ်းအတွေးမများပါနဲ့။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားပါ။ မဟုတ်ရင်တော့ relationship နဲ့ပတ်သက်ပြီး အမြဲတမ်းပူလောင်နေရပါလိမ့်မယ်။